miércoles, 22 de octubre de 2014

၁၅.၅.၂ဝဝ၅၊ည (၇) နာရီ အချိန် အမေရိကန်နိုင်ငံတွင် မုံလယ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော တရားတော်

၁၅.၅.၂ဝဝ၅၊ည (၇) နာရီ အချိန် အမေရိကန်နိုင်ငံတွင်
မုံလယ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော တရားတော်

(နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။)
(နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။)
(နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။)

တရားနာတယ်တဲ့၊ တရားအားထုတ်တယ် တရားလေ့လာတယ် ဆိုတာ မိမိခန္ဓာမှာရှိတဲ့တရားနဲ့ အသိဉာဏ်နဲ့ ထပ်သွားဖို့လိုတယ်နော်၊ရှိတဲ့တရားဆိုတာ- အာရုံနဲ့ဒွါရတိုက်ပြီးတော့ ပေါ်လာတဲ့ခန္ဓာငါးပါးကို ပြောတာပေါ့။ ဉာတပရိညာ စာအုပ်မှာ အာရုံနဲ့ဒွါရတိုက်ပြီးတော့ ပေါ်တဲ့ခန္ဓာငါးပါးကို ဖြစ်ပျက်ရှုလို့ မပါလား။ အလေးချိန် သုံးဆယ်-လေးဆယ်ရှုရင်မရဘူးပေါ့၊ အလေးချိန်သုံးဆယ်လေးဆယ်ဆိုတာ အဖေမိဘမွေးတဲ့မျက်စိနဲ့မြင်တဲ့ ခြေလက်အင်္ဂါ ကိုယ်ကောင်ကြီးကို ပြောတာနော်။ အဲဒါပညတ်ရုပ်- ပညတ်အာရုံတွေ ကြားလား။ ဝိပဿနာမထိုက်ဘူး- ရုပ်နှစ်ခုတိုက်မှပေါ်တဲ့ ခန္ဓာငါးပါးကို ဖြစ်ပျက်ရှု လို့ဟောတာ၊ စိစစ်ဖို့မကောင်းဘူးလား။ ကဲရုပ်နှစ်ခုမတိုက်ခင်မြင်တဲ့ စိတ်လေး၊ ဘယ်ဆီမှာနေတယ်လို့လက်ညှိုးညွှန်ပြခြင်းငှာ ထိုက်ကဲ့လား။ နှစ်ခုတိုက်တော့ပေါ်မလာဘူးလား။ အကောင်အထည်ဟုတ်ကဲ့လား။ အဲသည် မြင်သိစိတ်လေးဟာ ချိန်ကြည့် တစ်ပိဿာရှိတယ်၊ နှစ်ပိဿာရှိတယ်၊ ချိန်လို့ရပါ့မလား။
တစ်ရွေးသားရှိတယ်၊ နှစ်ရွေးသားရှိတယ်၊ ချိန်လို့ရရဲ့လား။ ချိန်လို့မရငြားသော်လည်း သဘောအနေနဲ့မြင်တဲ့စိတ်လေး မထင်ရှားဘူးလား။ ငါမြင်တာလား မြင်သိစိတ်။ ဟော မြင်သိစိတ်လို့မဟောဘူးလား။ မြင်သိစိတ်ဆိုတော့ ငါပါသေးရဲ့လား။ ဒိဋ္ဌိပြုတ်ပြီကွဲ့။ အဲလို စိစစ်ဖို့ မကောင်းလား။ အဲဒါ အလုပ်ပေးတာတွေ အလုပ်ပေးတယ်လို့ မသိကြ။ ဟင် စဉ်းစားဖို့ မကောင်းလား။ သတိပဋ္ဌာန် တရားလေးပါးမှာ စိတ္တာနုပဿနာ သတိပဋ္ဌာန် မဟောဘူးလား။ ကာယာနုပဿနာ။ဝေဒနာသတိပဋ္ဌာန်၊ဓမ္မာသတိပဋ္ဌာန်လို့ သတိပဋ္ဌာန် တရားလေးပါး။ ဒိဋ္ဌိစရိုက် အားကောင်းတဲ့ပုဂ္ဂိုလ် စိတ္တာနုပဿနာရှု မဟောဘူးလား။ ဒိဋ္ဌိစရိုက် အားကောင်းတဲ့ပုဂ္ဂိုလ် စိတ္တာနုပဿနာ ရှု။ ရာဂအားကောင်းတဲ့ပုဂ္ဂိုလ် ကာယာနုပဿနာ ရှု။ တဏှာအားကောင်းတဲ့ပုဂ္ဂိုလ် ဝေဒနာနုပဿနာ ရှု။ ပညာအားကောင်းတဲ့ပုဂ္ဂိုလ် ဓမ္မာနုပဿနာ ရှု။ မြင်သိစိတ် ကြားသိစိတ်၊ နံသိစိတ်၊ စားသိစိတ်၊ ထိသိစိတ်၊ ကြံသိစိတ်၊ ဒါတော့ ဒိဋ္ဌိဘယ်လိုဝင်တာလဲ။ ငါ မြင်တယ်၊ ငါကြားတယ်၊ ငါနံတယ်၊ ငါစားတယ်၊ ငါထိတယ်၊ ငါသိတာပေါ့။ ဒါတော့ ငါမြင်တာလား၊ မြင်သိစိတ်။ မြင်သိစိတ်ဆိုတော့ ငါပါရဲ့လား။ ဟော ငါမပါ ဘူးကွဲ့။ မြင်သိစိတ်က သက္ကာယ၊ သက္ကာယဘဲဟုတ်တယ် ။ငါမပါဘူး။ ဒိဋ္ဌိမပြုတ်ဘူးလား။
ငါမြင်တယ် ၊ ငါကဒိဋ္ဌိ ။မြင်သိစိတ်က သက္ကာယ။သက္ကာယဒိဋ္ဌိဖြစ်ပြီ။ မြင်သိစိတ်ဆိုတော့ ငါပါသေးရဲ့လား။ ဒိဋ္ဌိမပြုတ်ဘူးလား။ မြင်သိစိတ်။ ကြားသိစိတ်၊ နံသိစိတ်၊ စားသိစိတ်၊ ထိသိစိတ်၊ ကြံသိစိတ်ဆိုတော့ ငါမပါဘူး။ ငါမြင်တယ်၊ ငါကြားတယ်၊ ငါနံတယ်၊ ငါစားတယ်၊ငါထိတယ်၊ ငါသိတယ်ဆိုရင် သက္ကာယဒိဋ္ဌိဖြစ်ပြီ။ ကဲ မြင်တာ ငါမြင်တာလား မြင်သိစိတ်။ တဝိညာဏ်တည်း မြင်သိလို့ ဖြစ်ကဲ့လား။ မဖြစ်ရင် သူနဲ့ သဟဇာတ ဖြစ်တဲ့ဝေဒနာ၊ သညာ၊ စေတနာ မပါလား။ အဆင်းလို့ ခံစားတာ လူလား၊ ဝေဒနာ။ နတ်လား၊ ဝေဒနာ။ ဗြဟ္မာလား၊ ဝေဒနာ။ အဆင်းလို့ မှတ်တာ လူ၊နတ်၊ဗြဟ္မာ လား သညာ။ခံစားနိုင်အောင် စေ့ဆော်တာ သူလား၊ငါလား စေတနာ။ ဝေဒနာ၊ သညာ၊ စေတနာ သုံးခုပေါင်းတော့ နာမက္ခန္ဓာလေးပါး မပြည့်လား။ ကဲ လူ၊နတ်၊ဗြဟ္မာ လား နာမက္ခန္ဓာလေးပါး။ ထင်တာက လူ၊နတ်၊ဗြဟ္မာ တွေ့တာက နာမက္ခန္ဓာလေးပါး။ တွေ့တာနဲ့ ထင်တာနဲ့ ပိုင်းခြားဖို့မလိုလား။ ဉာတပရိညာဗျား။စဉ်းစား။ ဒါဉာတပရိညာ။ မျက်စိအကြည်ကား ငါဟုတ်ကဲ့လား။ ရူပါရုံအဆင်းကား ငါဟုတ်ကဲ့လား။ ခန္ဓာဖွဲ့ကြည်တော့ ရူပက္ခန္ဓာမရလား။ နာမက္ခန္ဓာလေးပါးနဲ့ ရူပက္ခန္ဓာပေါင်း။(ခန္ဓာငါးပါးပါဘုရား) မျက်စိမှာပေါ်တာ၊ ဒါ သက္ကာယလို့ မဟောဘူးလား။ ကဲ ဒိဋ္ဌိ မပြုတ်လား။ အဲဒါ လိုတာဗျို့ ကြားလား။
ကဲ မြင်သိစိတ် စဉ်းစားဖို့ ကောင်းတယ်နော်- လေ့လာဖို့မကောင်းဘူးလား။ မြင်ဆဲ၊ လူ၊နတ်၊ဗြဟ္မာ လား၊ ခန္ဓာငါးပါး။ ကြားဆဲ မြို့ရွာတိုင်းပြည်လား ခန္ဓာငါးပါး။ ခန္ဓာငါးပါးလို့သိရင် အဲဒီခန္ဓာငါးပါးတရားအပေါ်မှာ လူ၊နတ်၊ဗြဟ္မာ သတ္တဝါလို့ အမှတ်မှား အသိမှား အယူအဆမှားတွေ မပျောက်ဘူးလား။အမှန်သိတော့အမှားပျောက်တယ်နော်။ ဒီလိုဆိုရင် သက္ကာယဒိဋ္ဌိပြုတ်တာပေါ့။ မပြုတ်ဘူးလား။ မြင်ပြီးတော့မပျက်လား။ အပျက်ကိုသိတော့ခိုင်တယ်မြဲတယ်လို့ ယူဦးမလား။ သဿတဒိဋ္ဌိမပြုတ်ဘူးလား။ နောက်ခန္ဓာအစားထိုးတာသိတော့ ဘဝပြတ်တယ်လို့ ယူဦးမလား။ ဥစ္ဆေဒအယူမပြုတ်လား။ ခန္ဓာငါးပါး လို့သိတော့ သက္ကာယဒိဋ္ဌိပြုတ်ပြီ။ သဿတဒိဋ္ဌိ ၊ဥစ္ဆေဒဒိဋ္ဌိ- သက္ကာယဒိဋ္ဌိ ပြုတ်ရင် သောတာပန်ပေါ့။ သောတာပန်ဖြစ်ရင် ချမ်းသာအစစ်ကိုရပြီ။ ဘယ်လောက်ထိချမ်းသာသလဲ စိစစ်ဖို့မကောင်းလား။ အမေရိကန်တိုင်းပြည် တစ်ပြည်လုံးမှာရှိတဲ့ ရွှေ၊ငွေ၊ကျောက်၊ သံ၊ ပတ္တမြား ၊ဆန်၊ရေ၊စပါး တစ်ပြည်လုံးမှာရှိတဲ့ ရွှေ၊ငွေ၊ကျောက်၊ သံ၊ ပတ္တမြား နဲ့ တမဂ်တဖိုလ်ရတဲ့ အသိဉာဏ်နဲ့ လဲနိုင်ပါ့မလား တစ်ပြည်လုံးမှာ ရွှေတွေ၊ငွေတွေ၊ ကျောက်၊သံ ပတ္တမြား၊ ဆန်ရေစပါးတွေ မအိုအောင် တတ်နိုင်ရဲ့လား။ မနာအောင် တတ်နိုင်ရဲ့လား။ မသေ အောင် တတ်နိုင်ရဲ့လား။ အို-နာ-သေမလွတ်ဘူး။

၁၅.၅.၂ဝဝ၅၊နေ့လည် (၂) နာရီ အချိန် အမေရိကန်နိုင်ငံတွင် ဟောကြားတော်မူသော တရားတော် 

၁၅.၅.၂ဝဝ၅၊နေ့လည် (၂) နာရီ အချိန်
အမေရိကန်နိုင်ငံတွင် ဟောကြားတော်မူသော တရားတော်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဝိညာဏ်မြင် သမ္မုတိသစ္စာအားဖြင့် ကမ္မဿကတာသမ္မာဒိဋ္ဌိ အကုသိုလ်ကံ၊ ကုသိုလ်ကံတရားနှစ်ပါး ကိုယုံကြည်ရမယ်လို့ မဟောလား။ မဟောလား။ ပါဏာတိပါတ အစ သုရာမေရယ အဆုံး ပါဏာတိပါတ အစ မိစ္ဆာဒိဋ္ဌိ အဆုံးကို ကျူးလွန်ရင် ကုသိုလ်လား၊ အကုသိုလ်လား။ အကုသိုလ်ကံအကြောင်းကြောင့် အကျိုးတရားကသေသည်ရဲ့အခြားမဲ့၌ ငရဲ၊တိရစ္ဆာန်၊ပြိတ္တာ၊အသူရကယ်လို့ မဟောဘူးလား။ ချမ်းသာတဲ့တရားလား၊ ဆင်းရဲတဲ့တရားလား။ ဒါ အကုသိုလ်ကံကြောင့်ဖြစ်တာနော် ကြောက်စရာမကောင်းဘူးလား။ ပါဏာတိပါတ အစ သုရာမေရယ အဆုံး ပါဏာတိပါတ အစ မိစ္ဆာဒိဋ္ဌိ အဆုံးကိုရှောင်ကြဉ်ရင် အကုသိုလ်လား၊ ကုသိုလ်လား။ ကုသိုလ်ကံ အကြောင်းကြောင့် အကျိုးတရားက လူ့ပြည်၊နတ်ပြည်ခြောက်ထပ်လို့ မဟောဘူးလား။ ဆင်းရဲတဲ့တရားလား၊ ချမ်းသာတဲ့တရားလား။ ဒါကုသိုလ်ကံကြောင့် ဖြစ်တာနော။် ကုသိုလ်ကံ၊ အကုသိုလ်ကံ တရားနှစ်ပါးကိုယုံကြည်ဖို့ မကောင်းလား။ ယုံကြည်တဲ့ပုဂ္ဂိုလ် ဗေဒင်မေးဦးမလား။ နတ်ကတော်မေးဦးမလား။ ဝိဇ္ဇာတွေမေးဦးမလား။ ဒါကံကိုယုံတဲ့ပုဂ္ဂိုလ်နော်၊
ကံကိုမယုံတဲ့ပုဂ္ဂိုလ်၊ ဗေဒင်မေးမယ်၊ နတ်ကတော်မေးမယ်။ ဝိဇ္ဇာမေးမှာပေါ့။ သုံးဆယ့်တစ်ဘုံက ထွက်ပါ့မလား။ ထွက်ဘူးကွဲ့။ အဲဒါကြောင့် အကုသိုလ်ကံ၊ကုသိုလ်ကံတဲ့။ အားလုံး သုံးဆယ့်တစ်ဘုံမှာ အပါယ်လေးဘုံကျတာ အကုသိုလ်ကံ။ လူအဖြစ်၊ နတ်အဖြစ်ရတာကုသိုလ်ကံ။ အဲဒါကံကို ယုံကြည်ရမယ်။ အကုသိုလ်ကဆင်းရဲတဲ့တရား၊ ကုသိုလ်က ချမ်းသာတဲ့တရား။ ဝိညာဏ်မြင်သမ္မုတိသစ္စာ။ ပညာမြင် ပရမတ္ထသစ္စာမဟုတ်ဘူး။ ဝိညာဏ်မြင်သမ္မုတိသစ္စာကို ဟောတာ။ ကံ ကံရဲ့အကျိုးကိုယုံကြည်ရမယ်။ အားကိုးရမှာက ဉာဏ်၊ ယုံကြည်ရမှာက ကံ။ အားကိုးရမှာ ဉာဏ်၊ ဉာဏ်ဆိုတာ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ ပညာမဂ္ဂင် နှစ်ပါး။ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ၊ သမ္မာသမာဓိမဂ္ဂင် သုံးပါး။ပေါင်းလိုက်တော့ ရှုဉာဏ်မဂ္ဂင် ငါးပါး။ အမြင်ခံအရှုခံက ခန္ဓာငါးပါး။ အာရုံ အာရမ္မဏိကပိုင်းခြား ခန္ဓာငါးပါးက အာရုံတရား၊ မဂ္ဂင် ငါးပါးက အာရမ္မဏိကတရား။ အာရုံ အာရမ္မဏိက။ အဲဒါ လိုတယ် တရားအားထုတ်တယ်ဆိုတဲ့ ကိစ္စတွေ၊တရားဆိုတာ မှန်တာ၊မှန်တာကိုတရားလို့ ခေါ်တယ်၊ဒါကြောင့်မို့ မိုးကုတ်ဆရာတော်ဘုရားကြီးက မဂ်ဉာဏ် ရချင် ဝိပဿနာဉာဏ်အားထုတ်၊ ဝိပဿနာဉာဏ်ကိုရချင်ရင် သက္ကာရဒိဋ္ဌိ အရင်ဖြုတ်၊ သက္ကာရဒိဋ္ဌိ အရင်ဖြုတ်ချင်ရင် ခန္ဓာပဋိစ္စသမုပ္ပါဒ် ကိုသိအောင်လုပ်။
ခန္ဓာတဲ့၊ ပဋိစ္စသမုပ္ပါဒ်ကိုသိအောင်လုပ်ပါတဲ့။ အဲတော့ မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ်။ အာရုံအာရမ္မဏိက။ ပြန်ပြီးတော့လေ့လာကြစို့။ မျက်စိအကြည်။ မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်၊မနော အကြည်။ အာရုံက ရူပါရုံ ၊သဒ္ဒါရုံ ၊ဂန္ဓာရုံ ၊ရသာရုံ ၊ဖောဋ္ဌဗ္ဗာရုံ ၊ဓမ္မာရုံ ။ မျက်စိအကြည်ရှိတော့ ရူပါရုံအဆင်းမတိုက်ဘူးလား၊ မြင်တဲ့စိတ်မပေါ်လား။ ငါ မြင်တာလား မြင်သိစိတ်လား။ မြင်သိစိတ်နော်။ အဲသည့် မြင်သိစိတ်ဆိုတဲ့ မြင်သိစိတ်လေးဟာ မျက်စိအကြည်နဲ့ ရူပါရုံမတိုက်ခင် ဘယ်ဆီမှာနေတယ်လို့ လက်ညိုးညွှန်ခြင်းငှာထိုက်ကဲ့လား။ ဟော နှစ်ခုတိုက်တော့လည်း မြင်စိတ်လေးမပေါ်ဘူးလား။ ငါမြင်တာလား မြင်သိစိတ်လား။ မြင်သိစိတ်ထဲ ငါမပါဘူးနော်။ ကဲ မြင်သိစိတ်။တစ်ဝိညဏ်တည်းမြင်သိလို့ ဖြစ်ကဲ့လား။ မဖြစ်ရင် သူနဲ့သဟဇာတဖြစ်တဲ့ ဝေဒနာမပါလား သညာ မပါလား စေတနာမပါလား။ အဆင်းလို့ခံစားတာ လူလား၊ ဝေဒနာလား။ နတ်လား ဝေဒနာလား။
ဗြဟ္မာလား ဝေဒနာလား။ဟော လူမပါဘူးနော်။ ဝေဒနာ။ အဆင်းလို့မှတ်တာ။ လူ၊နတ်၊ဗြဟ္မာလား သညာလား။ ခံစားနိုင်အောင် စေ့ဆော်တာ။ မှတ်နိုင်အောင် စေ့ဆော်တာ။ လူ၊နတ်၊ဗြဟ္မာလား- စေတနာလား။ ဝေဒနာ၊သညာ၊စေတနာ သုံးခုပေါင်းတော့ နာမက္ခန္ဓာ လေးပါးမပြည့်လား။ ဤလေးပါးပြည့်စုံမှ မြင်သိစိတ်ဖြစ်တာ။

martes, 21 de octubre de 2014

မုံလယ်ဆရာတော်ဘုရားကြီး ၁၆.၅.၂၀၀၅၊နံနက်(၈)နာရီ အချိန် အမေရိကန်နိုင်ငံတွင် ဟောကြားတော်မူသော တရားတော်တာ်

ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ
မုံလယ်ဆရာတော်ဘုရားကြီး
၁၆.၅.၂၀၀၅၊နံနက်(၈)နာရီ အချိန်
အမေရိကန်နိုင်ငံတွင်
ဟောကြားတော်မူသော တရားတော်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဝိညာဏ်မြင်သမ္မုတိသစ္စာအားဖြင့် ကမ္မဿကတာ သမ္မာဒိဋ္ဌိ။ အကုသိုလ်ကံ၊ကုသိုလ်ကံ တရားနှစ်ပါးကို ယုံကြည်ရမယ်လို့ မဟောလား။ (ဟောပါတယ်ဘုရား) ပါဏာတိပါတာအစ သူရာမေရယအဆုံး၊ ပါဏာတိ ပါတာအစ မိစ္ဆာဒိဋ္ဌိအဆုံးကို ကျူးလွန်ရင် ကုသိုလ်လား၊အကုသိုလ်။ (အကုသိုလ်ပါဘုရား) အကုသိုလ်ကံ အကြောင်းကြောင့် အကျိုးတရားက သေသည်၏အခြားမဲ့၌ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်လို့ မဟောလား။ (ဟောပါတယ်ဘုရား) ချမ်းသာတဲ့တရားလား။ဆင်းရဲတဲ့တရား။ (ဆင်းရဲတဲ့တရားပါဘုရား) ဒါ အကုသိုလ်ကံကြောင့်ဖြစ်တာနော်။ ကြောက်စရာမကောင်းလားဟေ့။ (ကောင်းပါတယ်ဘုရား)

ပါဏာတိပါတာအစ သူရာမေရယအဆုံး၊ ပါဏာတိပါတာအစ မိစ္ဆာဒိဋ္ဌိအဆုံးကို ရှောင်ကြဉ်ရင် အကု သိုလ်လား၊ကုသိုလ်လား။ (ကုသိုလ်ပါဘုရား) ကုသိုလ်ကံအကြောင်းကြောင့်အကျိုးတရားက လူပြည်၊ နတ်ပြည် ခြောက်ထပ်လို့မဟောလား။ (ဟောပါတယ်ဘုရား) ဆင်းရဲတဲ့တရားလား။ ချမ်းသာတဲ့တရား။ (ချမ်းသာတဲ့တ ရားပါဘုရား) ဒါ ကုသိုလ်ကံကြောင့်ဖြစ်တာနော်။
ကုသိုလ်ကံဆိုတာ ငါးပါးသီလလုံခြုံတဲ့ပုဂ္ဂိုလ် ကုသိုလ်ကံပေါ့။ ငါးပါးသီလချိုးဖောက်ရင် အကုသိုလ် ကံပေါ့။ ဒါ မိမိက စားဝတ်နေရေး မပြေ၊ နေရေးထိုင်ရေး မပြေ၊ ကျန်းမာရေး မကောင်း။ ကုသိုလ်လုပ်ကြလို့ ဆရာတော်သမားတော်တွေ သတိမပေးလား။ (ပေးပါတယ်ဘုရား) ဒါ ကုသိုလ်ဘာတွေလဲ စိစစ်ဖို့မကောင်း လား။ (ကောင်းပါတယ်ဘုရား) ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းမယ်၊ ရှောင်ကြဉ်မယ်ဆိုရင် ကုသိုလ် မဖြစ်ဘူးလား။ (ဖြစ်ပါတယ်ဘုရား။) ပိုက်ဆံကုန်သေးသလား။ (မကုန်ပါဘူးဘုရား။) ပိုက်ဆံမကုန်ဘဲနဲ့ရတဲ့ ကုသိုလ်နော်။ ကျန်းမာရေးပြည်စုံတာ သီလကုသိုလ်။ စားဝတ်နေရေးပြေတာ ဒါနကုသိုလ်။
သီလအခြေခံပြီးတော့မှ လှူမယ်၊တန်းမယ်ဆိုရင် အောင်မြင်တော့တာ။ ဒါနကုသိုလ်ပေါ့။ သီလနဲ့ပြည် စုံတာနော်။ သီလမပြည့်စုံဘဲ လှူမယ် ဆိုရင်တော့ကား မိုးကုတ်ဆရာတော်ဘုရားကြီးက ဘယ်လို ဟောတာလဲ

စိစစ်ဖို့မကောင်းလား။ (ကောင်းပါတယ်ဘုရား) အဖြူနဲ့အမည်းနဲ့ရောတဲ့ကံတဲ့ ကြားလား။ ရတဲ့ပစ္စည်းက မတရားသဖြင့်ရတာပေါ့။ သီလမပြည့်စုံဘဲနဲ့ရတာ ဒါ အမည်း။ ကြားလား။ လှူချင်တန်းချင်တဲ့စိတ်လေးက အဖြူ။ ကဲ ရတော့လှူချင်တဲ့စိတ်ကလေးတွေမပေါ်လား။ (ပေါ်ပါတယ်ဘုရား) လှူချင်တဲ့စိတ်က အဖြူဗျား။ ရတဲ့ပစ္စည်း က အမည်း။ အမည်းနဲ့အဖြူရောတယ် လို့မဟောဘူးလား။ (ဟောပါတယ်ဘုရား)
အမည်းနဲ့အဖြူ ရောတော့ ရောရာ အကျိုးပေးတယ်လို့ ဟော၊မဟော။ (ဟောပါတယ်ဘုရား) အသူရ ကာယ်ကွဲ့။ ကြားလား။ အသူရကာယ်ဆိုတော့ နေ့ကိုစံရတယ်၊ ညကိုခံရတယ်။ နေ့ကျတော့ကား အဆင်သင့် စားစရာ၊ သောက်စရာတွေဟာ အကုန်လုံးပြည့်စုံတယ်ကွဲ့နော်။ ညကျတော့ မီးလောင်ခံရတယ်၊ခွေးစားခံရ တယ်။ ဒါ အသူရကာယ်ပေါ့။ ကဲ သန့်ရှင်းရဲ့လား။ (မသန့်ရှင်းပါဘူးဘုရား) ဒါ နေ့ကိုစံလို့ ညကိုခံရတာ အသူရ ကာယ်။ ရောရာ အကျိုးပေးတာ။ အမည်းနဲ့အဖြူရောတာပေါ့နော်။
အဖြူသန့်သန့်ဆိုတာ သီလနဲ့ပြည်စုံတာပေါ့။ သီလပြည့်စုံလို့ရတဲ့ပစ္စည်းကြတော့ မသန့်ရှင်းဘူးလား။ (သန့်ရှင်းပါတယ်ဘုရား) သန့်ရှင်းတော့ အဲဒီကုသိုလ်ဟာ အောင်မြင်တယ်နော်။ အဲတော့ လူခန္ဓာမရဘူးလား။ (ရပါတယ်ဘုရား)

 နတ်ခန္ဓာမရလား။ (ရပါတယ်ဘုရား) ဒါ လူချမ်းသာ၊နတ်ချမ်းသာလို့မဟောလား။ (ဟောပါ တယ်ဘုရား) အဲဒါ အဖြူကံ။ သန့်ရှင်းတယ်နော်။ အမည်းလည်းမဟုတ်၊အဖြူလည်းမဟုတ်။ အမည်းလည်းမ ရော၊ အဖြူလည်းမရောတာက စဉ်းစား၊စိစစ်ဖို့မကောင်းလား။ (ကောင်းပါတယ်ဘုရား) ဝိပဿနာဉာဏ်၊ မဂ် ဉာဏ်တွေနော်။ အဲလိုစိစစ်ဖို့မကောင်းလား။ (ကောင်းပါတယ်ဘုရား) အဲဒီဉာဏ်က သုံးဆယ့်တစ်ဘုံက ထွက် တဲ့လမ်း။ အဖြူကံက သုံးဆယ့်တစ်ဘုံမှာ သွားတယ်နော်။ အမည်းနဲ့အဖြူရောတော့ကား အသူရကာယ်။ အဲလို စိစစ်ဖို့မကောင်းလား။ (ကောင်းပါတယ်ဘုရား) ဒါ ကံကိုယုံကြည်ရမယ်၊ဉာဏ်ကိုအားကိုးရမယ်။ အဲဒါလိုတယ် ကွဲ့နော်။
ကံ၊ကံ၏အကျိုးကို ယုံကြည်ဖို့လိုတယ်။ ဘယ်လိုတွေလဲလို့ စဉ်းစားစရာ။ လူတွေ အယူမှားတတ် တယ်။ မကြားစဖူးကြားဖူးထပ်မံ။ အကုသိုလ်အလုပ် လုပ်တဲ့ပုဂ္ဂိုလ်တွေ ခုပြောနေတဲ့မြို့ကြီးတွေမှာကျတော့ သားထိုးသည်တွေ မရှိဘူးလား။ (ရှိပါတယ်ဘုရား) ကြက်တွေသတ်ပြီးတော့ရောင်းရတာ၊ ဝက်တွေသတ်ပြီး တော့ ရောင်းရတာ၊ နွားတွေ၊ကျွဲတွေသတ်ပြီးတော့ရောင်းရတာ၊ ကုသိုလ်လား။ အကုသိုလ်လား။ (အကုသိုလ် ပါဘုရား) အကုသိုလ်ဟာ ချမ်းသာတဲ့တရားလား။ ဆင်းရဲတဲ့တရား။ (ဆင်းရဲတဲ့တရားပါဘုရား) ဆင်းရဲတဲ့တရား လို့ မြတ်စွာဘုရား ဟောတယ်နော်။

ယုံကြည်ဖို့မကောင်းလား။ (ကောင်းပါတယ်ဘုရား) အကုသိုလ် ဆင်းရဲတဲ့တရားပေါ့။ သို့သော်လည်း အဲဒီလူ စားဝတ်နေရေးက အဆင်ပြေတယ်။ ဘယ်လို ပြေတာလဲ။ မျက်နှာကိုကြည့်လိုက် စိန်တွဲလွှဲ။ လည်ပင်းကြည့်လိုက် ရွှေတွဲလွှဲ။ လက်ကိုကြည့်တော့ လက်ကောက်တွေက ဝတ်ထားတာ တံတောင်စစ်နားနီး။ စိန်တွဲလွှဲ၊ ရွှေတွဲလွှဲကွဲ့ နော်။ စားရတာကလည်း ဖောဖော သီသီ ဆီဦးထောပတ်။ ဝတ်တာလည်း စိန်ကတ္တီပါ၊ မြကတ္တီပါ၊ ပိုးဖဲကတ္တီပါ။ စားဝတ်နေရေး မပြေလား။ (ပြေပါ တယ်ဘုရား) သူတို့လုပ်တာက အကုသိုလ်လို့ မဟောဘူးလား။ အကုသိုလ်ဟာ ချမ်းသာတဲ့တရားလား။ ဆင်းရဲ တဲ့တရား။ (ဆင်းရဲတဲ့တရားပါဘုရား) ဆင်းရဲတဲ့တရားလုပ်တာ ဘာကြောင့်ပြေတာလဲ မေးဖို့မကောင်းလား။ (ကောင်းပါတယ်ဘုရား) အတိတ်ဘဝတုန်းကလှူခဲ့တဲ့ ကုသိုလ်တွေပေါ့ကွဲ့။ ဒါနကုသိုလ်။ ထိမ်းသိမ်းခဲ့တဲ့ သီလကုသိုလ်။ အဲဒီကုသိုလ်က ဟိုတုန်းက အကျိုးပေးခွင့်မရဘူးနော်။ အခုမှ အကျိုးပေးတာ။ အလုပ်က အကုသိုလ်- စားဝတ်နေရေးကပြေတယ်။ စိန်တွဲလွှဲ၊ရွှေတွဲလွှဲ၊ငွေတွဲလွှဲ။ ကားကနှစ်စီး၊သုံးစီး။ မနက်ကို တစီး၊ နေ့လည်တစီး၊ ညနေတစီး ပြောင်းလဲစီးနေတာ။ တိုက်ကသုံးလုံး။ ချမ်းသာတယ်ကွာ။ မပြောကြဘူးလား။ (ပြောပါတယ်ဘုရား) သူတို့လုပ်နေတာ ချမ်းသာတဲ့အလုပ်လား၊ ဆင်းရဲတဲ့အလုပ်။

(ဆင်းရဲတဲ့အလုပ်ပါဘုရား) ဆင်းရဲတဲ့အလုပ်ဟာ ဘာကြောင့်စားဝတ်နေရေးပြေတာလဲ။ ပြန်စိစစ်ဖို့မကောင်းလား။ (ကောင်းပါတယ်ဘုရား) အတိတ်က လှူခဲ့တန်းခဲ့တဲ့ကုသိုလ်က အကျိုးပေးတာ။ အဲဒီကုသိုလ်ကံက လှည့်လာခဲ့တာ။ အလုပ်က အကု သိုလ်အလုပ်။ အတိတ်ကုသိုလ်ကံကြောင့် စားဝတ်နေရေး မပြေလား။ (ပြေပါတယ်ဘုရား) အဲဒါ အတိတ်က ကုသိုလ်ကံလို့ ယုံကြည်ဖို့မကောင်းလား။ (ကောင်းပါတယ်ဘုရား) အဲဒီ အတိတ်ကုသိုလ်ကံက နှစ်ပေါင်း နှစ်ဆယ်နော်။ နှစ်ပေါင်း နှစ်ဆယ် ဆိုတော့ စဉ်းစား။ လောကဥပမာပေးရမယ်ဆို ကုန်သည်ပဲဖြစ်ဖြစ်၊ တောင်သူ ပဲ၊ကျပန်းပဲဖြစ်ဖြစ် အိုးစားက ဆယ့်နှစ်ယောက် ရှိတယ်။ တလမှာ ဆန်ငါးတင်း ကုန်တယ်။ တန်ခူးလက စ ချက်ကြည်။့ တလစေ့တဲ့အခါ ဆန်ငါးတင်း မကုန်ဘူးလား။ (ကုန်ပါတယ်ဘုရား) နှစ်ပတ်လည်ကျတော့ ဆန်အတင်း ခြောက်ဆယ် မကုန်လား။ (ကုန်ပါတယ်ဘုရား) နှစ်ပတ်လည် စေ့တော့ ဆန်အတင်း ခြောက် ဆယ်ကုန်တယ်နော်။ အဲဒါ စိစစ်ဖို့မကောင်းလား။ (ကောင်းပါတယ်ဘုရား) တလမှာ ငါးတင်း။ အဲဒါ နေ့တိုင်း နေ့တိုင်း စားသုံးတော့ ဆန်တွေလျော့၊ လျော့လျော့သွားတာပေါ့။ တနှစ်စေ့တဲ့အခါ ဆန်အတင်း ခြောက်ဆယ် ကုန်တယ်။ ယုံကြည်ရဲ့လား။ (ယုံကြည်ပါတယ်ဘုရား) အခုလည်း နှစ်ပေါင်း နှစ်ဆယ် ကုသိုလ်က အကျိုးပေး တာနော်။

နှစ်ပေါင်းနှစ်ဆယ်စေ့တဲ့အခါ သူတို့အကျိုးပေး ကုသိုလ်ကံ ကုန်မသွားဘူးလား။ (ကုန်သွား ပါတယ်ဘုရား) ကုသိုလ်ကံကုန်တော့ အကုသိုလ်ကလှည့်။ ဝက်က အရင်းသေ၊ နွားက အရင်းသေ၊ ကျွှဲက အရင်းသေ၊ ရောင်းတဲ့အသားငါးက အကြွေး၊ ကြာတော့ ရင်းစရာမရှိ။ တိုက်ကိုဖြုတ်ရတာ၊ ကားကိုဖြုတ်ရတာ။ နောက်တော့ လက်ဝတ်လက်စား ဖြုတ်ရတာ။ နေစရာက မရှိ။ စားစရာက မရှိ။ တိုက်ကြိုတိုက်ကြား၊ ဇရပ်ကြို ဇရပ်ကြား မနေရဘူးလား။ (နေရပါတယ်ဘုရား) သေတဲ့အခါ အပါယ်ကလွတ်ပါ့မလား။ (မလွတ်ပါဘူးဘုရား) အဲဒါ ယုံကြည်ဖို့မကောင်းလား။ (ကောင်းပါတယ်ဘုရား)
တယောက်သောပုဂ္ဂိုလ်က ဆရာကောင်း၊သမားကောင်းရဲ့အဆုံးအမကို ရတယ်။ နေ့စဉ်နှင့်တကွ အိပ်ယာနိုးတဲ့အချိန်ကစ အိပ်ယာဝင်သည်အထိ ငါးပါးသီလ မကြောင်မကြား၊ မကျိုးမပေါက်အောင် ထိမ်းသိန်း တယ်နော်။ အကုသိုလ်လား။ကုသိုလ်လား။ (ကုသိုလ်ပါဘုရား) ဒါကုသိုလ်တွေနော်။ ကုသိုလ်က နေ့စဉ်နဲ့တကွ လုပ်နေတာကွဲ့။ စားဝတ်နေရေးက မပြေ။ ကြားလား။ (မှန်ပါ့ဘုရား) ကုသိုလ်က ချမ်းသာတယ်လို့မဟောလား။ (ဟောပါတယ်ဘုရား) သူ့မှာ စားစရာ မပြေပါ့လားဟေ့။ ကုသိုလ်က ချမ်းသာတယ်လို့ ဟောတယ်နော်။ ဘာကြောင့် စားစရာ သောက်စရာ မပြေသလဲ မေးဖို့မကောင်းလား။ (ကောင်းပါတယ်ဘုရား) အတိတ် ဘဝတုန်းက သူခိုးခဲ့တာတွေ လေ။

သူများစားမည့်ဟာကို ခိုးခဲ့တာ။ သူများဝတ်မည့်ဟာကို ခိုးခဲ့တာ။ကဲ ကမ္မံ ဝိပါကဿ ငရဲအပ ဝဋ်ကိုအမြဲ။ အတိတ်ကပြုတဲ့ အကုသိုလ်ကံက လှည့်တော့ကာ နှစ်ပေါင်းနှစ်ဆယ် အကုသိုလ်ကံက အကျိုးပေးတယ်။ စားဝတ်နေရေးပြေရဲ့လား။ (မပြေပါဘူးဘုရား) နေ့စဉ်နှင့် တကွ ကုသိုလ်မလုပ်ဘူးလား။ (လုပ်ပါတယ်ဘုရား) ကံ၊ကံ၏အကျိုးကို ယုံကြည်တဲ့အတွက် ငါ ဒီလောက် စားစရာ၊သောက်စရာ မရှိငြားသော်လည်း တံငါ၊မုဆိုးလုပ်စားမယ်လို့ ဖောက်ပြန်သေးရဲ့လား။ (မဖောက်ပြန်ပါ ဘူးဘုရား) ကံ၊ ကံ၏ အကျိုးယုံတာနော်။ အကုသိုလ်ကံယုံတဲ့၊ကုသိုလ်ကံယုံတဲ့အတွက် အသစ်အကုသိုလ် လုပ်သေးရဲ့လား။ (မလုပ်ပါဘူးဘုရား) မလုပ်ရင် ကြွေးဟောင်း မကျေလား။ (ကျေပါတယ်ဘုရား) ကြွေးဟောင်းကျေတယ်နော်။ ကြွေးသစ်တင်သေးရဲ့လား။ (မတင်ပါဘူးဘုရား) အဲဒါ နှစ်ပေါင်း နှစ်ဆယ် ပြည့်တော့ သူ အကျိုးပေးတဲ့ အကုသိုလ်ကံ ကုန်သွားတော့တာပေါ့။ မိတ်ဆွေတယောက်ကနေပြီးတော့မှ ထီတစောင်ပေးတာ သုံးရာလောက်ပေါက် လာခဲ့တယ်။ အကုသိုလ်ကုန်တော့ ကုသိုလ်က လှည့်မလာလား။ (လှည့်လာပါတယ်ဘုရား) ကဲ ကုသိုလ်လှည့်တယ်။ ကဲ ကုသိုလ် လှည့်ငြားသော်လည်း လောဘဖြစ်သေးရဲ လား။ (မဖြစ်ပါဘူးဘုရား) အကုသိုလ်မှီတုန်းက ဒေါသ ဖြစ်သေးလား။ (မဖြစ်ပါဘူးဘုရား)

ကံကို ယုံတဲ့အတွက် အသစ်အကုသိုလ်ဖြစ်ကဲ့လား။ (မဖြစ်ပါဘူးဘုရား) ကြွေးဟောင်း မကျေလား။ (ကျေပါတယ်ဘုရား) ကြွေးသစ် တင်သေးရဲ့လား။ (မတင်ပါဘူးဘုရား) အဲဒါ ကံကို ယုံကြည်ဖို့လိုတယ်။ ယုံကြည်တော့ အသစ် အကုသိုလ် မဖြစ်ဘူးကြားလား။ အဲလိုယုံကြည်ရင် ငါ ဒီလောက်တောင် ဆင်းရဲလှတယ်။ ခိုးစားမယ်။ လုစားမယ်။ တိုက်စားမယ်။ တံငါ၊မုဆိုးလုပ်စားမယ်လို့ ဖောက်ပြန်ရဲ့လား။ (မဖောက်ပြန်ပါဘူးဘုရား) ဒါ ကံကိုယုံတာ။ ဉာဏ်ကိုအားကိုးရမှာ။ ကံကိုယုံရမယ်ကြားလား။
ရှေးက သူဌေးတယောက် စိန်တွေ၊မြတွေ၊ကျောက်တွေ။ သေတ္တာထဲမှာထားတာမဟုတ်ဘူး။ တိုက်ထဲ မှာ ထားတာ။ တိုက်ကြီးနဲ့ လှောင်ထားတာ။ ပဲတွေ၊စပါးတွေလှောင်သလို လှောင်ထားတာ။ သူဌေးကွဲ့နော်။ တိုက်နဲ့လှောင်တယ်ဆိုတော့ နည်းတာမဟုတ်ဘူးပေါ့။ စိန်တွေ၊မြတွေလေ။ ဟော ပတ္တမြားစစ်စစ်ဆို ရွေးကြီး လောက်ဆိုရုံပါ့။ သိန်းပေါင်းများစွာ တန်နေတာကွဲ့။ ဘယ်လောက်ထိချမ်းသာသလဲ ကြားလား။ တနေ့သ၌ကျ တော့ အဲဒီတိုက်ထဲမှာလှောင်ထားတဲ့ စိန်တွေ၊မြတွေ၊ကျောက်တွေ၊ပတ္တမြားတွေအကုန်လုံး မီးသွေးဖြစ်သွား တာ။ မီးသွေးဖြစ်တော့ သုံးရပါ့မလား။ (မသုံးရပါဘူးဘုရား) အဲဒီခေတ်က မီးသွေးဆိုတာ ဘာမှ အသုံးမကျ။ ရွာအပြင်၊မြို့အပြင်ကို သွန်ပစ်ရတာဟေ့။

ပြာတို့၊ မီးသွေးတို့က ကြားလား။ အသုံးမကျ။ ကဲ သူ့ကုသိုလ်ကံ ကုန်သွားပြီ ကြားလား။ ကဲ သူရှာထားတဲ့ ရွှေတွေ၊ငွေတွေ၊ကျောက်သံပတ္တမြားတွေ သုံးရရဲ့လား။ (မသုံးရပါ ဘူးဘုရား) သူဌေးကြီးကို သွားပြီးတော့ တိုင်ပင်တယ်။ ငါမှာ ဒီလိုဖြစ်ပြီ။ စားစရာက မရှိ။မင့် ကူညီဦး။ သူဌေးကြီးတယောက်က ကျွေးထားရတာ။ သူ့ကံကုန်တော့တာကွဲ့။ ဖဲရိုက်လို့ရှုံးတာလည်းမဟုတ်ကြားလား။ ကုန်ကူးလို့ရှုံးတာလည်းမဟုတ်။ ဒီတိုင်း ကျောက်တွေဟာ စိန်တွေ၊မြတွေဟာ မီးသွေး ဖြစ်သွားတာ။ အဲဒါနဲ့သူဌေးကြီးက ကျွေးလို့။ ဈေးခင်းရောင်း။ ဈေးခင်းရောင်း ။မီးသွေးတွေ ဈေးခင်းရောင်းတာ။ ဟိုလူက ကြည့်။ ဟာ ရူးပြီဟေ့ ဒီသူဌေးက။ ဟိုလူကလည်း ရူးပြီ် ဒီသူဌေးက။ မီးသွေးတွေ ဘယ်နှယ့် ဈေးခင်း ရောင်းရမှာလဲ။ ကြည့်တဲ့ပုဂ္ဂိုလ်က မီးသွေးတွေမြင်တာ။ နောက် အမျိုးသမီးလေးတယောက် ဆယ့်ငါးနှစ်။ ဦးရယ် စိန်တွေ၊ မြတွေ၊ရွှေတွေ၊ ကျောက်တွေပါလား။ ဝယ်သူလာမှ ထုတ်ပြရတာ။ ဘယ်နှယ့် ဈေးခင်းရောင်းရတာလဲ။ ဟော-သူက စိန်တွေ၊မြတွေ မြင်တာ။ မီးသွေးတွေလို့ မမြင်ဘူး ကြားလား။ ဟိုလူတွေက ဒီပြင်ပရိသတ်တွေက မီးသွေးလို့မြင်တာ။ သူက စိန်တွေ၊မြတွေလို့မြင်တာ။ ဝယ်သူလာမှ ထုတ်ပြရတာ။ ဘယ်နှယ့် ဈေးခင်းရောင်း တာလဲတဲ့။ နင်က ဘယ်ရပ်ကွက်ကလဲ ဟ။

ကျမက တောရွာက တော့်။ တောရွာက။ ဘယ်လောက်ဝေးသလဲ။ ခြောက်မိုင်ဝေးတယ်။ သည်မြို့ထဲက မဟုတ်ဘူး။ နင်အဖေကော ရှိလား။ ရှိတယ်။ နင်အမေရော ရှိလား။ ရှိတယ်။ ဘာနာမည်လဲ။ နင်အဖေ ဘာနာမည်။ နင့်အမေက ဘာနာမည်။ မွေးချင်း ဘယ်နှယောက်လဲ။ မွေးချင်း နှစ်ယောက်။ သူ့ထက်အကြီးက အစ်ကို ယောက်ျား။ အစ်ကိုရှိတယ်။ နင့် အိမ်ထောင်ရှိသလား။ မရှိဘူး။ ရည်မှန်းပြီးသားကော ရှိသလား။ မရှိဘူး။ မင်းနာမည် ဘာနာမည်လဲ။ နာမည် မှတ်ထား။ သူ့အစ်ကိုက ဘာနာမည်။ မိဘက ဘာနာမည်။ ရွာက ဘာနာမည်။ ဈေးသိမ်းသွားလို့ သူဌေးကြီးကို အကြောင်းကြားတယ်။ ငါမှာ အဲဒီလို တွေ့နေတယ်ကွဲ့။ အဲဒါ သူ့ပစ္စည်း ဟုတ်တယ်တဲ့။ ဟိုသူဌေးကြီးက မင်းဟာမဟုတ်ဘူးတဲ့။ အမျိုးသမီးလေး ပစ္စည်းတဲ့။ အမျိုးသမီးလေးကလည်း ဆွေလည်းမတော်၊ မျိုးလည်းမတော် အလုပ်ကလည်း အတူတူလုပ်တာ မဟုတ်။ သူ့ပစ္စည်းတဲ့ဗျား။ အဲလို။ အဲဒီ အမျိုးသမီးက မင့်သားနဲ့မင်္ဂလာလက်ထပ်။ လက်ထပ် လို့ပြီးရင် ရှိတဲ့ပစ္စည်းကိုအမျိုးသမီးလေးကို အပ်။သူ့ပစ္စည်း ဟုတ်တယ်တဲ့။ အမျိုးသမီးလေးက ပေးတာကိုယူ၊ ကျွေးတာကိုစား။ မင်းကံ ကုန်ပြီတဲ့။ သူဌေးကြီးက ကံကုန်သွားပြီ။ မရှိဘူး။အဲဒါနဲ့ မင်္ဂလာ လက်ထပ် ပြီးတော့မှ ရှိတဲ့ပစ္စည်းကို သူ့ကိုအပ်တော့ကာ မီးသွေးက စိန်တွေ၊ မြတွေ၊ ပတ္တမြားတွေ ဖြစ်သွားတော့တာဗျား။ ကဲ အမျိုးသမီးလေးက ဘာမှဆွေလည်းမတော်၊ မျိုးလည်းမတော်။ အလုပ်ကလည်း အတူလုပ်တာမဟုတ် ။ ဘယ်နှယ့်ကြောင့် သူပစ္စည်းလို့ခေါ်တာလဲ။ ကမ္ဘာလဆန်း ကစ သူ့ဆီမှာ အကြွေးတင်ခဲ့တာကွဲ့ ကြားလား။ သူ့ကိုဆပ်စရာအကြွေးရှိတယ်နော်။အဲတော့ သူ့ကိုဆပ်ရမယ့်အကြွေးရှိတော့ မီးသွေးဖြစ်သွားတော့တာ။ ကဲ သူ့လက်ထဲရောက်သွားတော့ စိန်တွေ၊ မြတွေ၊ မူမှန် ဖြစ်မသွားဘူးလား။ အဲဒါ ကံ၊ ကံ၏အကြောင်းကို ယုံကြည်ဖို့မကောင်းလား။ (ကောင်းပါတယ်ဘုရား) သူ့ကံကုန်တော့တာကွဲ့ သူဌေးကြီးကနော်။ စဉ်းစားဖို့မ ကောင်းလား။ (ကောင်းပါတယ်ဘုရား) အဲဒါ သူပေးတာကိုယူ၊ သူကျွေးတာကိုစား။ မင်းကံကုန်ပြီတဲ့။ အဲလိုကုသိုလ်ကံ၊ အကုသိုလ်ကံကို ယုံကြည်ဖို့မကောင်းလား။ (ကောင်းပါတယ်ဘုရား) အဲဒါယုံကြည်ရမယ်။ ဒါ ကံလမ်း။ သုံးဆယ့်တစ်ဘုံကမထွက်ဘူး။ ကံလမ်း။ ကဲ ဘယ်လောက်များထူးဆန်းသလဲနော်။ အကုသိုလ်ကံက ဝင်တော့ သူ့ကုသိုလ်ကံက မရှိဘူး။ကုန်တော့တာ မီးသွေးတွေ ဖြစ်သွားတာ။ ဘယ်လိုမှသုံးလို့မရ။ အမျိုးသမီး မှာ ဘဝအဆက်ဆက်က ပေးစရာရှိတော့ သူ့လက်ထဲရောက်တော့ ပတ္တမြားဖြစ်ရတာ။ ကျောက်တွေ၊စိန်တွေ၊ မြတွေ ဖြစ်ရတာ။ အဲဒီလို ယုံကြည်ဖို့မကောင်းလား။ (ကောင်းပါတယ်ဘုရား)
ဉာဏ်ကိုအားကိုး၊ဉာဏ်ဆိုတာ ခန္ဓာကိုသိတာ ဉာဏ်။

အသိခံက ခန္ဓာငါးပါး။ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ။ ဉာဏ်က သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ။ ပညာမဂ္ဂင်နှစ်ပါး။ သမ္မာဝါယာမ၊ သမ္မာသတိ၊သမ္မာသမာဓိ သမာဓိမဂ္ဂင်သုံးပါး။ ပေါင်းလိုက်တော့ ငါးပါး။ မဂ္ဂင်ငါးပါး။ အမြင်ခံ၊ အရှုခံက ခန္ဓာငါး ပါး။ ရှုဉာဏ်ကမဂ္ဂင်ငါးပါး။ အာရုံ၊ အာရမ္မဏိက ပိုင်းခြားလို့ရှိရင် ခန္ဓာငါးပါးက အာရုံတရား။ မဂ္ဂင်ငါးပါး က အာရမ္မဏိကတရား။ အာရုံ၊ အာရမ္မဏိက။ ဟော- အဲသည်တရားကို သိဖို့လိုတယ်။ စဉ်းစားဖို့မကောင်းလား။ (ကောင်းပါတယ်ဘုရား)
တရားပျောက်တော့ကိုယ်မှာရှာ ကိုယ်မှာရှာတော့ တရားတွေ့တယ် မဟောဘူးလား။ (ဟောပါတယ် ဘုရား) အဲဒါ တရားသိဖို့။နံပါတ်တစ် သက္ကာယဒိဋ္ဌိ ပြုတ်ဖို့အရေးကြီးတယ်။ ကြားလား။ ယောစ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
မြတ်စွာဘုရားဟောတာနော်။ ဤခန္ဓာငါးပါးတို့၏ ဖြစ်ခြင်း၊ပျက်ခြင်းကို မသိလို့ရှိရင် သက္ကာယဒိဋ္ဌိ ပြုတ်ပါ့မလား။ (မပြုတ်ပါဘူးဘုရား) သည်တော့ ခန္ဓာငါးပါးကိုလည်းသိဖို့၊ ဖြစ်ပျက်ကိုလည်း သိဖို့လိုတယ်။ စဉ်းစားဖို့မကောင်းလား။ (ကောင်းပါတယ်ဘုရား) ယောစ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။ ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။ ယောစ-ရဟန်းရှင်လူမည်သူမဆို အကြင်ပုဂ္ဂိုလ်တို့သည်။ ဥဒယဗ္ဗယံ-ခန္ဓာငါးပါး၊ရုပ်နာမ်တရားတို့၏

 ဖြစ်ခြင်းပျက်ခြင်းကို။ အပဿ အပဿန္တော-မရှူမမြင်၊မဆင်မခြင်သောပုဂ္ဂိုလ်သည်။ ဝဿသတံ-အနှစ်တရာ ကာလပတ်လုံး။ ဇီဝေ-အသက်ရှင်ငြားသော်လည်း။ နသေယျော-မမြတ်။ ဥဒယဗ္ဗယံ- ခန္ဓာငါးပါး၊ ရုပ်နာမ်
တရားတို့၏ ဖြစ်ခြင်းပျက်ခြင်းကို။ ပဿတော-ရှူမြင်သောပုဂ္ဂိုလ်သည်။ဧကာဟံ-တရက်တနာရီတဗီဇနာမျှ။ ဇီဝေ-အသက်ရှင်ငြားအံ့။ သေယျော-မြတ်တယ်တဲ့။ ခန္ဓာငါးပါးဖြစ်ပျက်ကိုမြင်ရင် သက္ကာယဒိဋ္ဌိ ပြုတ်ပြီ။ တမိနစ်မှကြာကြာ ငါးမိနစ်မှကြာကြာ မြတ်တယ်။ အသက်တရာနေရအုံးတော့။ အသက်တထောင်နေရအုံး တော့ ခန္ဓာငါးပါးဖြစ်ပျက်ကို မသိရင် သက္ကာယဒိဋ္ဌိ ပြုတ်ပါ့မလား။ (မပြုတ်ပါဘူးဘုရား) မပြုတ်ရင် ဆန်ကုန်မြေ လေးပေါ့။ အဲဒါ ခန္ဓာသိဖို့လိုတယ်နော်။ လက်တွေ့ မျက်တွေ့ စဉ်းစားကြ။ သမ္မုတိအနေနဲ့မြင်ပုံ၊ သဘာဝအနေ နဲ့မြင်ပုံ။ အဲဒါ သိဖို့လိုတယ်။ကဲ လက်တွေ့ မျက်တွေ့အားဖြင့် သံပရာသီး ရင့်ရင့်မှည့်မှည့်ကြီး ဝါးစားကြည့်။ ဘယ်လိုတွေ့မလဲ။ (ချဉ်ရသာတွေ့ပါတယ်ဘုရား) ချဉ်တာတွေ့တယ်နော်။ စားတုန်းက သံပရာသီး စားတာ။ တွေ့တာက သံပရာသီးလား၊ ချဉ်တဲ့ရသာ။ (ချဉ်ရသာတွေ့ပါတယ်ဘုရား) ချဉ်တဲ့အရသာကို လက်နဲ့ကိုင်စမ်း ကြည့်တွေ့ပါ့မလား။ (မတွေ့ပါဘူးဘုရား) မတွေ့ဘူးနော်။ မျက်စိနဲ့ကြည့်ရင်ကား မြင်ရပါ့မလား။ (မမြင်ရပါ ဘူးဘုရား)

 နားထောင်ကြည့်ရင်ကား ကြားရပါ့မလား။ (မကြားရပါဘူးဘုရား) နမ်း ကြည့်ရင်ကား တွေ့ပါ့မလား။ (မတွေ့ပါဘူးဘုရား) လျှာနဲ့ကျတော့ မသိနိုင်ဘူးလား။ (သိနိုင်ပါတယ်ဘုရား) ဟော သံပုရာသီးလား၊ ချဉ်တဲ့ရ သာလား။ (ချဉ်ရသာတွေ့ပါတယ်ဘုရား) ဒါ ချဉ်တဲ့ရသာဓာတ်။ စဉ်းစားဖို့မကောင်းလား။ (ကောင်းပါတယ်ဘု ရား) ချဉ်ရသာလို့စားသိတာ ဇိဝှါဝိညာဏ် နာမ်တရားမရလား။ (ရပါတယ်ဘုရား) ချဉ်တဲ့အရသာက ရုပ်တရား မရလား။ (ရပါတယ်ဘုရား) လျှာအကြည်နဲ့ချဉ်ရသာက ရုပ်တရား။ နာမ်ရုပ်နှစ်ပါးပေါ့။ စားတဲ့အခါမှာ တွေ့တယ်။ နာမ်ရုပ် တွေ့တယ်။ ခု လူတွေ ထမင်းစားတာ မလေ့လာပါကလားကွဲ့။ ထမင်းစားတုန်းက လေ့လာရမှာ။ ခုတော့ ထိုင်တာတခုတည်းသာလုပ်ကြတယ်။ စားတဲ့အခါ လေ့လာရမှာ။ ကဲ တွေ့တာ သံပုရာသီးတွေ့သလား၊ နာမ်နဲ့ရုပ် တွေ့သလား။ ကဲ နာမ်နဲ့ရုပ် တွေ့တဲ့အခါ သံပုရာသီး ဘာကြောင့်မတွေ့ သလဲ။ မရှိလို့။ ကဲ တွေ့တာနဲ့ထင်တာနဲ့။ တွေ့တာကိုအမှန် မယူရဘူးလား။ (ယူရပါတယ်ဘုရား) တွေ့တာကို အမှန်ယူရမယ်နော်။ သံပုရာသီးတွေ့တာလား၊ နာမ်နဲ့ရုပ်တွေ့ တာ။ (နာမ်နဲ့ရုပ်တွေ့တာပါဘုရား) ဟော နာမ်ရုပ်လို့သိဖို့မလိုဘူးလား။ (လိုပါတယ်ဘုရား) နာမ်ရုပ်နှစ်ပါး သိတာ သူငါကသိတာလား၊ မဂ္ဂသစ္စာ။ (မဂ္ဂသစ္စာပါဘုရား) ဘယ်မဂ်က သိတာလဲ။ သမာဓိမဂ်။

ကဲ နာမ်ရုပ်ပဲတွေ့တယ်။ သမာဓိမဂ်က သိတာ။ သမာဓိရပြီလို့မပြောဘူးလား။ (ပြောပါတယ်ဘုရား) သမာဓိရတဲ့ ပုဂ္ဂိုလ် လူတယောက်က အပုပ်ရည် သွင်းတဲ့စကားမျိုး နစ်နာအောင် အရှက်ကွဲလောက်အောင် ပြောကြည့် စိတ်ဆိုးမလား။ (မဆိုးပါဘူးဘုရား) သမာဓိရတာကွဲ့။ ကဲ စိတ်ဆိုးတယ်ဆိုတာ သမာဓိရလို့လား၊ မရလို့လား။ (မရလို့ပါဘုရား) ဘယ်ဘက်ကို လှည့်တာလဲ။ လူဘက်ကိုလှည့်တာ။ ပုဂ္ဂိုလ်၊ သတ္တဝါဘက်ကို လှည့်တာ။ ပညတ်ကို လှည့်တာ။ ဒါကြောင့်မို့ စိတ်ဆိုးတာ။ ကဲ နာမ်ရုပ်ကိုတွေ့တာက သမာဓိနော်။ ကဲ စိတ်ဆိုးသေးရဲ့လား။ (မဆိုးပါဘူးဘုရား) အဲဒီလို စိစစ်ဖို့မကောင်းလား။ (ကောင်းပါတယ်ဘုရား) အဲဒီနာမ်ရုပ်တရားနှစ်ပါးပေါ်မှာ သမ္မုတိသစ္စာအနေနဲ့ သံပုရာသီးလို့မခေါ်ဘူးလား။ (ခေါ်ပါတယ်ဘုရား)
အဲဒီခေါ်တာ ဘုရားပယ်ရဲ့လား။ (မပယ်ပါဘူးဘုရား) မပယ်ဘူးကွဲ့နော်။ ဒါ သမုတ်ရှိ ကြားလား။ တွေ့တာက သံပုရာသီးလား၊နာမ်နဲ့ ရုပ်။ (နာမ်နဲ့ရုပ်ပါဘုရား) သံပုရာသီးမတွေ့တာ ရှိလို့လား၊ မရှိလို့လား။ (မရှိလို့ပါဘုရား) မရှိရင်ဘယ်လိုစွဲမှာလဲ။ (စွဲစရာမရှိပါဘူးဘုရား) သံပုရာသီးစွဲဒိဋ္ဌိ ပြုတ်ပြီဗျား။ သံပုရာသီးလို့ တော့ မခေါ်ရဘူးလား။ (ခေါ်ရပါတယ် ဘုရား) ခေါ်တာ ဘုရားပယ်ရဲ့လား။ (မပယ်ပါဘူးဘုရား) မပယ်ဘူးနော်။

တွေ့တာက သံပုရာသီးလား၊နာမ်နဲ့ ရုပ်။ (နာမ်နဲ့ရုပ်ပါဘုရား) သံပုရာသီးမတွေ့တာ ရှိလို့လား၊ မရှိလို့လား။ (မရှိလို့ပါဘုရား) အဲဒါကိုပယ်တယ် ပြောတာဗျား။ ကဲ သမ္မုတိသစ္စာနဲ့သံပုရာသီး နှုတ်ဖျားမှာနော်။ တွေ့တာက နာမ်နဲ့ရုပ်။ ယုံကြည်ဖို့ မကောင်းလား။ (ကောင်းပါ တယ်ဘုရား) ကဲ သမ္မုတိဘက်ကကြည့်တော့ ထမင်းစား နေပြီ။ ဒီမှာ သံပုရာသီး စားဖို့ရာ ကောက်ထားတာ။ ထမင်းပွဲမှာ မပါဘူး။ ဟဲ့ ကြောင်အိမ်ထဲမှာ သံပုရာသီး ယူချေစမ်းလို့ မခိုင်းရဘူးလား။ (ခိုင်းရပါတယ်ဘုရား) သမ္မုတိအနေနဲ့မမှန်ဘူးလား။ (မှန်ပါတယ်ဘုရား) သံပု ရာသီးပြောတာပေါ့။ ကဲ သွားယူချေစမ်းဆိုတော့ သံပုရာသီးနာမည်မတပ်ရင် ဘာယူလို့သိပါ့မလား။ (မသိပါဘူး ဘုရား) ဒါတော့ နာမည် တပ်ပေးတယ် ကြားလား။ ဆား ယူခဲ့စမ်းလို့ မပြောရဘူးလား။ (ပြောရပါ တယ်ဘုရား) ကဲ သမ္မုတိသစ္စာနော်။ ခေါ်တာ၊ ပြောတာ မမှန်ဘူးလား။(မှန်ပါတယ်ဘုရား) အဲဒါ သမ္မုတိ သစ္စာအနေနဲ့မပါယ်ဘူး။ ဒါ မြတ်စွာဘုရားက ညီတော် အာနန္ဒာလို့ မခေါ်ဘူးလား။ (ခေါ်ပါတယ်ဘုရား) သားတော် ရာဟုလာလို့မခေါ် လား။ (ခေါ်ပါတယ် ဘုရား) ချစ်သမီး၊ချစ်သားတို့လို့မခေါ်လား။ (ခေါ်ပါတယ် ဘုရား) အဲဒါ သမုတ်ရှိ၊ အခေါ်ရှိ ပယ်ရဲ့လား။ (မပယ်ပါဘူးဘုရား) ဘာတွေပယ်တာလဲ စိစစ်ဖို့မကောင်းလား။
(ကောင်းပါတယ်ဘုရား)

ကဲ ခု စားတော့ စားကြည့်တော့ သံပုရာသီးတွေ့သလား၊ ချဉ်တာတွေ့သလား။ (ချဉ်တာတွေ့ပါတယ် ဘုရား) ချဉ်တယ်လို့စားသိတာကလေးက ဇိဝှါဝိညာဏ် နာမ်တရားမရလား။ (ရပါတယ်ဘုရား) လျှာအကြည်နဲ့ ချဉ်ရသာက ရုပ်တရားမရလား။ (ရပါတယ်ဘုရား) နာမ်ရုပ်နှစ်ပါး။ သံပုရာသီးလား၊ နာမ်နဲ့ရုပ်။ (နာမ်နဲ့ရုပ် ပါဘုရား) ကဲ နာမ်ရုပ် ပဲတွေ့တယ်နော်။ သံပုရာသီး မတွေ့တာရှိလို့လား၊ မရှိလို့။ (မရှိလို့ပါဘုရား) အဲဒါကို ပယ်တာ။ ကဲ နာမ်ရုပ်တွေ့တယ်။ နာမ်ရုပ်တွေ့တော့ သံပုရာသီးတွေ့သေးရဲ့လား။ (မတွေ့ပါဘူးဘုရား) ရှိလို့လား၊ မရှိလို့။ (မရှိလို့ပါဘုရား) အဲဒါ ပယ်တာ။ ကဲ နာမ်ရုပ်ပေါ်မှာတင်စားပြီးတော့ သံပုရာသီးလို့တော့ မသမုတ်ဘူးလား။ (သမုတ်ရပါတယ်ဘုရား) သံပုရာသီးလို့တော့ မခေါ်ဘူးလား။ (ခေါ်ပါတယ်ဘုရား) ခေါ်တာ ကိုပယ်ရဲ့လား။ (မပယ်ပါဘူးဘုရား) သံပုရာသီး ရှိတယ်လို့မထင်လား။ (ထင်ပါတယ်ဘုရား) ရှိတယ်လို့မယူ လား။ (ယူပါတယ်ဘုရား) အဲဒီ အယူကို ပယ်တာဗျား။ အဲဒါ စဉ်းစားကြ။ လျှာပေါ်မှာ အဲဒါ ပယ်ပုံ၊ မပယ်ပုံ၊ တွေ့ပုံ။ ဒါ ပိုင်းခြားသိဖို့ လိုတယ်။ ဟော လူဆိုတာ ခေါ်တာဟေ့။ ရှိတာမဟုတ်ဘူး။ မိန်းမ၊ ယောက်ျားဆိုတာ သမုတ်တာ ရှိတာမဟုတ်။ တွေ့တာက နာမ်ရုပ်ပဲတွေ့မယ်။

 မိန်းမ၊ယောက်ျား တွေ့မလား။ နာမ်နဲ့ရုပ် တွေ့မလား။ (နာမ်နဲ့ရုပ်တွေ့ပါတယ်ဘုရား) လူတွေ့မလား။ နာမ်ရုပ်တွေ့မလား။ (နာမ်နဲ့ရုပ်တွေ့ပါတယ်ဘု ရား) နတ်တွေ့မလား။ နာမ်ရုပ်တွေ့မလား။ (နာမ်နဲ့ရုပ်တွေ့ပါတယ်ဘုရား) ကဲ လူမတွေ့တာ ရှိလို့လား၊ မရှိလို့။ (မရှိလို့ပါဘုရား) နတ် မတွေ့တာရှိလို့လား၊ မရှိလို့။ (မရှိလို့ပါဘုရား) ဗြဟ္မာ မတွေ့တာ ရှိလို့လား၊ မရှိလို့။ (မရှိလို့ပါဘုရား) မရှိရင် လူစွဲဒိဋ္ဌိ၊ နတ်စွဲဒိဋ္ဌိ၊ ဗြဟ္မာစွဲဒိဋ္ဌိ မပြုတ်ဘူးလား။ (ပြုတ်ပါတယ်ဘုရား) ဒိဋ္ဌိပြုတ်ပြီဗျား။ကဲ အဲဒီ နာမ်ရုပ်ကို လူလို့တော့ မသမုတ်ဘူးလား။ (သမုတ်ပါတယ်ဘုရား) နတ်လို့တော့ မခေါ်ဘူးလား။ (ခေါ်ပါတယ်ဘုရား) ဗြဟ္မာလို့မခေါ်ဘူးလား။ (ခေါ်ပါတယ်ဘုရား) ပယ်ရဲ့လား။ (မပယ်ပါဘူး ဘုရား) မပယ်ဘူးနော်။ လူလို့မထင်လား။ (ထင်ပါတယ်ဘုရား) ရှိတယ်လို့မယူလား။ (ယူပါတယ်ဘုရား) ကဲ လူထင်လို့ ကိုင်စမ်းကြည့်။ လူတွေ့သလား။ မာတာတွေ့သလား။ (မာတာတွေ့ပါတယ်ဘုရား) လူတွေ့လား။ ပျော့တာတွေ့သလား။ (ပျော့တာတွေ့ပါတယ်ဘုရား) မာတာ ပထဝီ၊ ပျော့တာ ပထဝီပေါ့။ မာတယ်၊ပျော့တယ် သိတာ သူငါလား။ ကာယဝိညာဏ်။ (ကာယဝိဉာဏ်ပါဘုရား) ကာယဝိညာဏ်က နာမ်တရားမရလား။ (ရပါတယ်ဘုရား) မာတာ၊ပျော့တာ ရုပ်တရားမရလား။ (ရပါတယ်ဘုရား)

နာမ်ရုပ်နှစ်ပါး။ လူလား။ နာမ်နဲ့ရုပ်။ (နာမ်နဲ့ရုပ်ပါဘုရား) နတ်လား။ နာမ်နဲ့ရုပ်။ (နာမ်နဲ့ရုပ်ပါဘုရား) ဗြဟ္မာလား။ နာမ်နဲ့ရုပ်။ (နာမ်နဲ့ရုပ်ပါ ဘုရား) နာမ်ရုပ်ပဲတွေ့တယ်နော်။ လူလည်းမတွေ့၊ နတ်လည်းမတွေ့၊ ဗြဟ္မာလည်းမတွေ့။ ဘာကြောင့် မတွေ့တာလဲ။ (မရှိလို့ပါဘုရား) မရှိရင်ဘယ်လိုစွဲမလဲ။ (စွဲစရာမရှိပါဘူးဘုရား) အဲဒါကို ပယ်တာ။ အမှန် သိတော့ အမှား ပျောက်တယ်။ နာမ်ရုပ်လို့သိတော့ အမှန်သိပြီ။ လူစွဲဒိဋ္ဌိ၊ နတ်စွဲဒိဋ္ဌိ၊ ဗြဟ္မာစွဲဒိဋ္ဌိ အမှားစွဲ မပျောက်လား။ (ပျောက်ပါတယ်ဘုရား) ကဲ လူ၊ နတ်၊ ဗြဟ္မာလို့တော့ မခေါ်ဘူးလား။ (ခေါ်ပါတယ်ဘုရား) ခေါ်တာကိုပယ်ရဲ့ လား။ (မပယ်ပါဘူးဘုရား) ဒီတော့ အခေါ်ပနေနဲ့ ခေါ်ရတယ်နော်။ တွေ့တာက နာမ်ရုပ် ခေါ်တာက လူ။ တွေ့တာက နာမ်ရုပ် ခေါ်တာကနတ်။ တွေ့တာက နာမ်ရုပ် ခေါ်တာကဗြဟ္မာ။ တွေ့တာက နာမ်ရုပ်၊ ခေါ်တာက သမီးလို့ခေါ်တယ်။ သားလို့ခေါ်တယ်။ ကဲ အဲဒါ မပယ်တာလည်း သိထား။ ပယ်တာလည်း သိထား။ စဉ်စားဖို့မကောင်းလား။ (ကောင်းပါတယ်ဘုရား) အဲဒါ အခြေလိုတယ်။ အဲလို ပိုင်းခြားဖို့မလိုဘူး လား။ (လိုပါတယ်ဘုရား)
ကဲ တွေ့တဲ့ နာမ်ရုပ် ဆန်းစစ်ကြအုံးစို့။ ရုပ်တရားကြီးက ဖောက်ပြန် ပြီးတော့မပျက်လား။ (ပျက်ပါ တယ်ဘုရား)

နာမ်တရားက သိပြီးတော့ မပျက်လား။ (ပျက်ပါတယ်ဘုရား) ဒီတော့ နာမ်ရုပ်က ဖြစ်ပျက်ပေါ့။ ကဲ စဉ်းစားနော်။ ဖြစ်ပြီးတော့ပျက်တယ်ဆိုတာ ချမ်းသာတဲ့တရားလား။ ဆင်းရဲတဲ့တရား။ (ဆင်းရဲတဲ့တရားပါဘု ရား) ဒါကြောင့်မို့ မရှိတာ အနိစ္စ၊ သိတာ မဂ္ဂပေါ့။ ဖြစ်ပြီးတော့ပျက်တယ်ဆိုတာ နိစ္စလား။အနိစ္စ။ (အနိစ္စပါဘုရား) အနိစ္စ မမြဲခြင်းတရားသည် ချမ်းသာတဲ့တရားလား။ ဆင်းရဲတဲ့တရား။ (ဆင်းရဲတဲ့တရားပါဘု ရား) ဆင်းရဲတဲ့တရားကို သုခလို့ ခေါ်မလား။ ဒုက္ခ။ (ဒုက္ခ ခေါ်ပါတယ်ဘုရား) ဤဒုက္ခတရားကို ပိုင်သူရှိရဲ့လား။ (မရှိပါဘူးဘုရား) သတ္တဝါအလိုသို့ လိုက်ကဲ့လား။ (မလိုက်ပါဘူးဘုရား) အကြိုက်သို့ ပါရဲ့လား။ (မပါပါဘူးဘု ရား) အနတ္တလို့ မဟောဘူးလား။ (ဟောပါတယ် ဘုရား) အနိစ္စ၊ ဒုက္ခ၊ အနတ္တ အဲဒါ ပွားလို့ သိတာ။ အနိစ္စတွေ့တယ်၊ ဒုက္ခတွေ့တယ်။ အနတ္တ တွေ့တယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တွေ့တဲ့အချိန် နာမ်ရုပ် မတွေ့ ဘူး။ စဉ်းစားဖို့မကောင်းလား။ (ကောင်းပါတယ်ဘုရား) အနိစ္စတရားနဲ့ နာမ်ရုပ်နဲ့ ပိုင်းခြားဖို့မလိုလား။ (လိုပါ တယ်ဘုရား) ဒုက္ခတရားနဲ့ နာမ်ရုပ်နဲ့ ပိုင်းခြားဖို့မလိုလား။ (လိုပါတယ်ဘုရား) အနတ္တတရားနဲ့ နာမ်ရုပ်နဲ့ ပိုင်းခြားဖို့မလိုလား။ (လိုပါတယ်ဘုရား) နာမ်ရုပ်တွေ့သလား။အနိစ္စ။ (အနိစ္စတွေ့ပါတယ်ဘုရား)

နာမ်ရုပ်တွေ့ သလား။ ဒုက္ခ။ (ဒုက္ခ တွေ့ပါတယ်ဘုရား) နာမ်ရုပ်တွေ့သလား။အနတ္တ။ (အနတ္တ တွေ့ပါတယ်ဘုရား) အနိစ္စ၊ ဒုက္ခ၊ အနတ္တပဲ တွေ့တယ်။ ဒါ တီရဏပရိညာလို့ မြတ်စွာဘုရားဟော၊ မဟော။ ဟောရင် ဒါ ယုံကြည်ဖို့ လိုတော့တာ။ ကြားလား။ ယုံကြည်ဖို့ မလိုဘူးလား။ (လိုပါတယ်ဘုရား) အနိစ္စ၊ ဒုက္ခ၊ အနတ္တ။ နာမ်ရုပ်ကို တွေ့တဲ့အချိန် လူတွေ့ရဲ့လား။ (မတွေ့ပါဘူးဘုရား) နတ်ကား တွေ့ရဲ့လား။ (မတွေ့ပါဘူးဘုရား) ဗြဟ္မာကား တွေ့ရဲ့လား။ (မတွေ့ပါဘူးဘုရား) မိန်းမ၊ ယောက်ျားကားတွေ့ရဲ့လား။ (မတွေ့ပါဘူးဘုရား) တွေ့တာက မိန်းမ၊ ယောက်ျားလား။ နာမ်နဲ့ရုပ်။ (နာမ်နဲ့ရုပ်ပါဘုရား) လူ၊ နတ်၊ ဗြဟ္မာလား၊ နာမ်နဲ့ရုပ်။ (နာမ်နဲ့ရုပ်ပါဘုရား) ဉာတပရိညာ ပိုင်းခြားလို့သိ။ဟော လူနဲ့ နာမ်ရုပ်နဲ့ ပိုင်းခြားတာ။ နတ်နဲ့ ပိုင်းခြားတာ။ ဗြဟ္မာနဲ့ ပိုင်းခြားတာ။ မိန်းမ၊ ယောက်ျားနဲ့ ပိုင်းခြားတာ။ဒါ ဉာတပရိညာ။ လူ၊နတ်၊ ဗြဟ္မာ မတွေ့။ နာမ်ရုပ်တွေ့တယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တွေ့တဲ့အခါ နာမ်ရုပ်တွေ့သေးရဲ့လား။ (မတွေ့ပါဘူးဘုရား) တီရဏပရိညာ။ အနိစ္စ၊ ဒုက္ခ၊ အနတ္တကိုစုလိုက်တော့ ဖြစ်ပျက်လို့ မဟောဘူးလား။ (ဟောပါတယ်ဘုရား) ဘာသစ္စာလဲ။ (ဒုက္ခသစ္စာပါဘုရား) ချမ်းသာတဲ့တရားလား။ ဆင်းရဲတဲ့တရား။ (ဆင်းရဲတဲ့တရားပါဘုရား)

ဆင်းရဲတဲ့တရားလို့သိပြီနော်။ဒါ ဆင်းရဲ တယ်လို့ အမှန်သိတဲ့ပုဂ္ဂိုလ် နောင်တဖန် အဲသလို ခန္ဓာမျိုး ရချင်သေးရဲ့လား။ (မရချင်ပါဘူးဘုရား) မရချင် ဘူးနော်။ လက်ရှိခန္ဓာ မတွယ်တာဘူးပေါ့။ လက်ရှိမတွယ်တာ နောင်ခန္ဓာကား တောင့်တဦးမလား။ (မတောင့် တပါဘူးဘုရား) မတောင့်တဘူး။ ကဿပမြတ်စွာဘုရား သာသနာတော်မှာ ဥပါသကာတစ်ယောက် ဒါန ကုသိုလ်၊ သီလကုသိုလ်ကြောင့် သေဆုံးသွားတဲ့အခါ နတ်ပြည်မှာသွား၊ နတ်သားသွားဖြစ်တယ်။ နတ်သား ဖြစ်လို့ ဂေါတမမြတ်စွာဘုရား ပွင့်တဲ့အခါ နတ်သက်က ကြီးတော့ မှီတယ်။ ပညာဧတဒဂ် ရတဲ့ ရှင်သာရိပုတ္တရာ နဲ့သွားတွေ့။ အရှင်ဘုရား အရှင်ဘုရား တပည့်တော် ပုစ္ဆာလေး မေးပါရစေ။ အေး တွေ့တဲ့အခါ မေးပေါ့ကွဲ့။ ခွင့်ပြုတယ်။ သုခဆိုတဲ့တရားနဲ့ ဒုက္ခဆိုတဲ့တရားလေး ရှင်းပေးစမ်းပါ။ ဒကာနတ်သားက လျှောက်တယ်။ သုခဆိုတဲ့တရားနဲ့ ဒုက္ခဆိုတဲ့တရားလေး ရှင်းပေးစမ်းပါ။ ဒကာနတ်သား နောင်တဖန် ခန္ဓာရရင် ဒုက္ခ။ နောင်တဖန် ခန္ဓာမရရင် သုခတဲ့။ ဒါ ခန္ဓာမရရင် နိဗ္ဗာန်ကွဲ့။ ခန္ဓာရရင် ဒုက္ခတဲ့။ သည်နှစ်လုံးထဲပါလား။ အဲဒါလေး စိစစ်ဖို့လိုတယ်။ နောင် ခန္ဓာရရင် ဒုက္ခ။ ခန္ဓာရတဲ့ပုဂ္ဂိုလ် အို၊ နာ၊ သေ လွတ်ကဲ့လား။ (မလွတ်ပါ ဘူးဘုရား) ခန္ဓာရလို့ အိုရတာ။ ခန္ဓာရလို့ နာရတာ။ ခန္ဓာရလို့ သေရတာ။

စဉ်းစားနော်။ ဘယ်လိုစဉ်းစားရမှာ လဲ။ ပဋိစ္စသမုပ္ပါဒ်ကိုကြည့် အဝိဇ္ဇာ အစ ဇရာမရဏ အဆုံး။ အဝိဇ္ဇာက စတာ ဇရာမရဏမှာ ဆုံးတာ။ ဒါစက်ဝိုင်းကို နားလည်ဖို့။ အဝိဇၨာ ပစၥယာ သခါၤရာ။ သခၤါရ ပစၥယာ ဝိညာဏံ။ ဝိညာဏ ပစၥယာ နာမရူပံ။ နာမရူပ ပစၥယာ သဠာယတနံ။ သဠာယတန ပစၥယာ ဖေႆာ။ ဖဿ ပစ္စယာ ဝေဒနာ။ ဝေဒနာ ပစ္စယာ တဏှာ။ တဏှာ ပစ္စယာ ဥပါဒါနံ။ ဥပါဒါန ပစ္စယာ (ကမ္မ)ဘဝေါ။ (ကမ္မ)ဘဝ ပစ္စယာ ဇာတိ။ဇာတိ ပစ္စယာ ဇရာမရဏတဲ့။ အို၊ နာ၊ သေ မှာ ဆုံးသွားတယ်။ ပဋိစ္စသမုပ္ပါဒ် ။ ဇာတိ၊ဇရာမရဏ။ဒါတော့ ဇရာဆိုတာ အိုတာ။ မရဏ ဆိုတာ သေတာ။ ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက ကိုယ်ထင်ခဲ့တာ လူလို့ထင်တာ၊ နတ် လို့ထင်တာ၊ ဗြဟ္မာလို့ထင်တာ၊ မိန်းမ၊ယောက်ျားလို့ထင်တာ၊ ရှိတယ်လို့ယူတယ်။ ထင်လည်းထင်တယ်။ ကောင်းပြီ။ လူထင်လို့ ဆံဖျားက ခြေဖျားအရောက် ဘုရားပေးတဲ့ ဉာဏ်လက်နဲ့ ကိုင်စမ်းကြည့်။ လူတွေ့မလား၊ ပူနွေးနွေးတွေ့မလား။ (ပူနွေးနွေးတွေ့ပါတယ်ဘုရား) တနည်းအားဖြင့် လူတွေ့မလား၊ အေးတာတွေ့မလား။ (အေးတာတွေ့ပါတယ်ဘုရား) အေးတာ မရဏ။ ပူတာက ဇရာ။ အိုအောင်နှိပ်စက်တာ ဇရာတဲ့ဗျား။ အိုအောင်နှိပ်စက်တာ ဇရာ။ ခုတော့ လူတွေက ပူနွေးနွေးတွေ့တယ်။အဲဒါကို စာအနေနဲ့ တေဇောဓာတ်။ ပူတာ ဥဏှတေဇော။ အေးတာ သီတတေဇော။ စင်စစ်ကတော့ ဇရာ။

အိုအောင်နှိပ်စက်တာ ဇရာဗျား။ သေအောင်နှိပ်စက်တာ မရဏ။ ဟော ပဋိစ္စသမုပ္ပါဒ်ကို ကြည့်။ ဇရာမရဏလို့ (၄)အကွက်မှာ မပါဘူးလား။ (ပါပါတယ်ဘုရား) အဲဒီ ဇရာမရဏဟာ အို၊ နာ၊ သေဟာ အလိုလိုဖြစ်တာလား၊ အကြောင်းကြောင့်ဖြစ်တာလား။ (အကြောင်းကြောင့်ပေါ်တာပါဘုရား) အကြောင်းရှာကြည့်တော့ နောက်ဆုတ်ကြည့်တော့ ဇာတိလို့ မတွေ့ လား။ (တွေ့ပါတယ်ဘုရား) ဇာတိဆိုတာ ခန္ဓာရတာနော်။ ခန္ဓာရတဲ့ပုဂ္ဂိုလ်ဟူသရွေ့ အို၊နာ၊ သေ လွတ်ကဲ့လား။ (မလွတ်ပါဘူးဘုရား) ခန္ဓာရလို့အိုတာ။ ခန္ဓာရလို့နာတာ။ ခန္ဓာရလို့သေတာ။ဟော ဇာတိဆိုတာ ခန္ဓာရတာ။ လူခန္ဓာ၊ လူဇာတိ။ နတ်ခန္ဓာ၊ နတ်ဇာတိ။အပါယ်ခန္ဓာ၊ အပါယ်ဇာတိ။ ကဲ ဇာတိရလို့ အိုရတယ်။ နာရတယ်။ သေရတယ်။ ဇာတိဆိုတဲ့ခန္ဓာ မရရင် အိုပါ့မလား။ (မအိုပါဘူးဘုရား) သေပါ့မလား။ (မသေပါဘူးဘုရား) ဟော ဒါ နောင်ခန္ဓာရရင် ဒုက္ခလို့ မဟော ဘူးလား။ (ဟောပါတယ်ဘုရား) နောင်ခန္ဓာမရရင် သုခလို့ မဟောဘူးလား။ (ဟောပါတယ်ဘုရား) အဲလို စိစစ်ဖို့မကောင်းလား။ (ကောင်းပါတယ်ဘုရား) လေ့လာ။ ဒါတော့ အဲဒီ ဇာတိက ဘယ်ဆီကလာတာလဲ။ စိစစ်ဖို့မကောင်းလား။ (ကောင်းပါတယ်ဘုရား) နောက်ဆုတ်ကြည့်တော့ (၃) ကွက်မှာကြည့်။ ကမ္မဘဝ ပစ္စယာဇာတိလို့ မဟောလား။ (ဟောပါတယ်ဘုရား) ကံ ဘယ်ကံလဲ။ အကုသိုလ်ကံ။ ကုသိုလ်ကံနော်။

အကုသိုလ်ကံကြောင့် အပါယ်ဇာတိပေါ့။ ကုသိုလ်ကံကြောင့် လူဇာတိ၊ နတ်ဇာတိပေါ့။ ကမ္မဘဝ ကာယကံ၊ ဝစီကံ၊ မနောကံ။ အဲဒီကံတွေကြောင့် ဇာတိဆိုတဲ့ ခန္ဓာရတယ်ကြားလား။ အဲဒီကမ္မဘဝ စိစစ်ဖို့မကောင်းလား။ (ကောင်းပါတယ်ဘုရား) နောက်ဆုတ် ကြည့် တော့ အဲဒီကမ္မဘဝကို အကျိုးတရား ထားရမယ်။ အကြောင်းမရှာရဘူးလား။ (ရှာရပါတယ်ဘုရား) အကြောင်းရှာကြည့်တော့ ဥပါဒါန ပစ္စယာ ကမ္မဘ ဝေါ။ ဥပါဒါန်ကြောင့် ဖြစ်တာ။ စဉ်းစားနော်။ ဥပါဒါန် ဘယ်ဥပါဒါန်လဲ။ သားစွဲဥပါဒါန်၊ လူစွဲဥပါဒါန်၊ သမီးစွဲဥပါဒါန်၊ ပစ္စည်းစွဲဥပါဒါန်၊ ဇနီးစွဲဥပါဒါန် ကြားလား။ အဲဒီ ဥပါဒါန် ကြောင့် ဥပါဒ်ရောက်တာ ဥပါဒါန်ကြောင့် ကမ္မဘဝဖြစ် တာ။ ကမ္မဘဝကြောင့် ဇာတိဖြစ်တာ။ ကဲ အဲဒီတော့ ဥပါဒါန်က အကြောင်းတရား မရလား။ (ရပါတယ်ဘုရား) ကမ္မဘဝက အကျိုးတရား မရလား။ (ရပါတယ်ဘုရား) အကျိုးတရား သစ္စာဖွဲ့တော့ ဒုက္ခသစ္စာ။ အကြောင်းတ ရား သစ္စာဖွဲ့တော့ သမုဒယသစ္စာ။ ဤနှစ်ခုချုပ်ရာချုပ်ကြောင်းအလေ့အကျင့်က မဂ္ဂသစ္စာ။ ဤနှစ်ခု ချုပ်သွား တာ နိရောဓသစ္စာ။
ကဲ တခါ နောက်ဆုတ်ကြစို့။ နောက်ဆုတ်တော့ ဥပါဒါန်ကို အကျိုးတရားထားရတယ်။ အကျိုးတရား ထားကာ အကြောင်းရှာကြည့်တော့ တဏှာ ပစ္စယာ ဥပါဒါန်လို့မလာလား။ (လာပါတယ်ဘုရား) ဟော တဏှာ ကြောင့် ဖြစ်တာကိုးကွဲ့။

ဒီလိုဆိုတော့ တဏှာက အကြောင်းတရားမရလား။ (ရပါတယ်ဘုရား) ဥပါဒါန်က အကျိုးတရား မရလား။ (ရပါတယ်ဘုရား) အကျိုးတရားသစ္စာဖွဲ့တော့ ဘာသစ္စာလဲ။ ဒုက္ခသစ္စာ။ အကြောင်းတ ရား သစ္စာဖွဲ့တော့ သမုဒယသစ္စာ။ ဤနှစ်ခုချုပ်ရာချုပ်ကြောင်းအလေ့အကျင့်က မဂ္ဂသစ္စာ။ ဤနှစ်ခု ချုပ်သွားတာ နိရောဓသစ္စာ။
ကဲ ပဋိစ္စသမုပ္ပါဒ် နောက်ဆုတ်ကြည့်တော့။ တဏှာကို နောက်ဆုတ်တော့ အကျိုးတရား မထားရဘူး လား။ (ထားရပါတယ်ဘုရား) အကျိုးတရားထား အကြောင်းမရှာရဘူးလား။ (ရှာရပါတယ်ဘုရား) အကြောင်းရှာ ကြည့်တော့ (၂)အကွက်ကိုကြည့် ဝေဒနာ ပစ္စယာ တဏှာလို့မလာဘူးလား။ (လာပါတယ်ဘုရား) ဝေဒနာကြောင့် တဏှာဖြစ်တာ။ စဉ်းစားဖို့မကောင်းလား။ (ကောင်းပါတယ်ဘုရား) ဝေဒနာ ပစ္စယာ တဏှာတဲ့။ ကဲ တဏှာက အကျိုးတရား။ ဝေဒနာက အကြောင်းတရား။ အကြောင်းတရားကို သစ္စာဖွဲ့ သမုဒယပေါ့။ အကျိုးတရားသစ္စာဖွဲ့ ဒုက္ခပေါ့။ ဒါ ပဋိစ္စသမုပ္ပါဒ်နည်းနော်။ ကဲ အဲလိုဆိုတော့ ဤနှစ်ခုချုပ်ရာချုပ်ကြောင်း အကျင့်က မဂ္ဂသစ္စာ။ ဤနှစ်ခု ချုပ်သွားတာ နိရောဓသစ္စာ။
ကဲ နောက်ဆုတ်ကြအုံးစို့။ နောက်ဆုတ်ကြည့်တော့ ဖဿ မတွေ့ဘူးလား။ (တွေ့ပါတယ်ဘုရား) ဖဿက အကြောင်းတရားမရလား။ (ရပါတယ်ဘုရား) ဝေဒနာက အကျိုးတရား။ အကြောင်းတရားသစ္စာဖွဲ့ တော့ ဘာသစ္စာလဲ။ (သမုဒယသစ္စာပါဘုရား)

ဝေဒနာက အကျိုးတရား ဘာသစ္စာလဲ။ (ဒုက္ခသစ္စာပါဘုရား) ဤနှစ်ခုချုပ်ရာချုပ်ကြောင်းအလေ့အကျင့်က။ (မဂ္ဂသစ္စာပါဘုရား) ဤနှစ်ခု ချုပ်သွားတာ။ (နိရောဓသစ္စာပါ ဘုရား)
ကဲ နောက်ဆုတ်ကြအုံးစို့။ နောက်ဆုတ်တော့ကား ဖဿ က ကျိုးတရားမရဘူးလား။ (ရပါတယ်ဘုရား) အကြောင်းရှာကြည့်တော့ သဠာယတနပစ္စယာဖေဿာလို့ မဟောဘူးလား။ (ဟောပါတယ် ဘုရား) သဠာယတနပစ္စယာဖေဿာ။ သဠာယတနက အကြောင်းတရားမရဘူးလား။ (ရပါတယ်ဘုရား) ဖဿက အကျိုးတရားမရလား။ (ရပါတယ်ဘုရား) အကျိုးတရားသစ္စာဖွဲ့တော့ ဒုက္ခသစ္စာနော်။ ကဲ ဟိုက သဠာယတနက အကြောင်းတရားက သမုဒယသစ္စာနော်။ ဤနှစ်ခုချုပ်ရာချုပ်ကြောင်းအကျင့်က မဂ္ဂသစ္စာ။ ဤနှစ်ခု ချုပ်သွားတာ နိရောဓသစ္စာလို့ မဟောဘူးလား။ (ဟောပါတယ်ဘုရား)
ကဲ နောက်ဆုတ်ပြီးတော့ကြည့်အုံးစို့။ သဠာယတနကို အကျိုးတရား မထားရဘူးလား။ (ထားရပါတယ်ဘုရား) အကျိုးတရား အကြောင်းမရှာရဘူးလား။ (ရှာရပါတယ်ဘုရား) စဉ်းစားကွဲ့နော်။ ကဲ ဟိုမှာ ပြန်ပြီးတော့ကြည့်တော့ စိစစ်ဖို့မကောင်းလား။ (ကောင်းပါတယ်ဘုရား) ထိထိမိမိ စဉ်းစားဖို့မကောင်း လား။ (ကောင်းပါတယ်ဘုရား) နာမရူပပစ္စယာသဠာယတနလို့ မဟောဘူးလား။ (ဟောပါတယ်ဘုရား) နာမ်ရုပ် က အကြောင်းတရားမရလား။ (ရပါတယ်ဘုရား) သဠာယတနက အကျိုးတရားမရလား။ (ရပါတယ်ဘုရား)

အကျိုးတရား သစ္စာဖွဲ့တော့ ဘာသစ္စာလဲ။ (ဒုက္ခသစ္စာပါဘုရား) ဟော နာမ်ရုပ်က အကြောင်းတရားမရလား။ (ရပါတယ်ဘုရား) သစ္စာဖွဲ့တော့ ဘာသစ္စာလဲ။ (သမုဒယသစ္စာပါဘုရား) ဤနှစ်ခုချုပ်ရာချုပ် ကြောင်းအလေ့ပကျင့်က။ (မဂ္ဂသစ္စာပါဘုရား) ဤနှစ်ခု ချုပ်သွားတာ။ (နိရောဓသစ္စာပါဘုရား)
ဟော ကဲ နောက်ဆုတ်ကြအုံးစို့။ နောက်ဆုတ်ကြည့်တော့ သဠာယတနကို - စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတန၊ မနာယတန။ ဒါ သဠာယတနလို့ ဟောတာနော်။ သူကို အကျိုးတရားမထားရဘူးလား။ (ထားရပါတယ်ဘုရား) အကြောင်းမရှာရဘူးလား။ (ရှာရပါတယ်ဘုရား) အကြောင်းရှာကြည့်တော့ စဉ်းစား။ ဟော နာမ်ရုပ်တွေ့တယ်။ စဉ်းစားဖို့မကောင်းလား။ (ကောင်းပါတယ်ဘု ရား) နာမ်ရုပ်က Aကြောင်း၊ သဠာယတနက အကျိုး။
ကဲတခါ ပြန်နောက်ဆုတ်ကြတော့ နာမ်ရုပ်ကိုအကျိုးတရားမထားရဘူးလား။ (ထားရပါတယ်ဘုရား) အကျိုးတရားထားတော့ အကြောင်းမရှာရဘူးလား။ (ရှာရပါတယ်ဘုရား) ။ဝိညာဏ်လို့မတွေ့လား။ (တွေ့ပါ တယ်ဘုရား) ဝိညာဏ်နာမ်ရုပ်နော်။ ဝိညာဏ်က အကြောင်းတရား။ နာမ်ရုပ်က အကျိုးတရား။ အကျိုးတရား သစ္စာဖွဲ့တော့ ဘာသစ္စာလဲ။ (ဒုက္ခသစ္စာပါဘုရား) ဝိညာဏ်က အကြောင်းတရား ဘာသစ္စာလဲ။ (သမုဒယသစ္စာ ပါဘုရား) ဤနှစ်ခုချုပ်ရာချုပ်ကြောင်းအလေ့အကျင့်က။ (မဂ္ဂသစ္စာပါဘုရား)

ဤနှစ်ခုချုပ်သွားတာ။ (နိရောဓ သစ္စာပါဘုရား)
ဟော ကဲ ဝိညာဏ်ဟာ ပြန်ပြီးတော့ နောက်ဆုတ်ကြည့်ရင် ဝိညာဏ်ကို အကျိုးတရား မထားရဘူး လား။ (ထားရပါတယ်ဘုရား) အကျိုးတရားထား။ အကြောင်းမရှာရဘူးလား။ (ရှာရပါတယ်ဘုရား) အကြောင်း ရှာကြည့်တော့ (၁)ကွက်ကို ကြည့်တော့ သင်္ခါရ မတွေ့လား။ (တွေ့ပါတယ်ဘုရား) သင်္ခါရပစ္စယာဝိညာဏံ နော်။ ကဲ ဝိညာဏ်က အကျိုးတရားပေါ့။ သင်္ခါရက အကြောင်းတရားပေါ့။ အကျိုးတရား သစ္စာဖွဲ့တော့ ဘာသစ္စာလဲ။ (ဒုက္ခသစ္စာပါဘုရား) ဝိညာဏ်က အကြောင်းတရား သစ္စာဖွဲ့တော့ ဘာသစ္စာလဲ။ (သမုဒယသစ္စာ ပါဘုရား) ဤနှစ်ခုချုပ်ရာချုပ်ကြောင်းအလေ့အကျင့်က။ (မဂ္ဂသစ္စာပါဘုရား) ဤနှစ်ခု ချုပ်သွားတာ။ (နိရော ဓသစ္စာပါဘုရား) ကဲ သစ္စာလေးပါးတစုံ။
နောက်ဆုတ်ပြီးတော့ လေ့လာဖို့မလိုဘူးလား။ (လိုပါတယ်ဘုရား) နောက်ဆုတ်ကြည့် သခါင်္ရကို အကျိုးတရား မထားရဘူးလား။ (ထားရပါတယ်ဘုရား) အကျိုးတရား အကြောင်းမရှာရဘူးလား။ (ရှာရပါတယ် ဘုရား) အဲဒီသင်္ခါရ ဘယ်ဆီကလာတာလဲ။ အကြောင်းရှာတော့ အဝိဇ္ဇာပစ္စယာသင်္ခါရာလို့ မဟောလား။ (ဟောပါတယ်ဘုရား) အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်တာ။ အဝိဇ္ဇာက အကြောင်းတရားမရလား။ (ရပါတယ်ဘုရား) သင်္ခါရက အကျိုးတရားမရလား။ (ရပါတယ်ဘုရား) အကျိုးတရားဘာသစ္စာလဲ။ (ဒုက္ခသစ္စာပါဘုရား)

ကဲ အဝိဇ္ဇာက အကြောင်းတရား ဘာသစ္စာလဲ။ (သမုဒယသစ္စာပါဘုရား) ဤနှစ်ခုချုပ်ရာချုပ်ကြောင်းအလေ့အကျင့် က။ (မဂ္ဂသစ္စာပါဘုရား) ဤနှစ်ခု ချုပ်သွားတာ။ (နိရောဓသစ္စာပါဘုရား) စက်ဝိုင်းလှည့်တာ အလိုလိုမဟုတ်ဘူး အကြောင်းခံတာ။ ပရိယတ်အနေနဲ့ပြောရတာ။ အဲဒါ ခန္ဓာကို ကပ်ဖို့လိုတယ်။ စဉ်းစားဖို့မကောင်းလား။ (ကောင်း ပါတယ်ဘုရား) အဝိဇ္ဇာပစ္စယာသင်္ခါရာလို့ မဟောဘူးလား။ (ဟောပါတယ်ဘုရား) အဝိဇ္ဇာလို့တပ်လိုက်ရင် တဏှာမပါဘူးလား။ (ပါပါတယ်ဘုရား) ဥပါဒါန်မပါဘူးလား။ (ပါပါတယ်ဘုရား) အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်ကို ချုံ့လိုက်ရင် အဝိဇ္ဇာတလုံး။ သင်္ခါရ။ အတိတ်ကို သင်္ခါရ။ ပစ္စုပ္ပုန်ကို ကံလို့မဟောဘူးလား။ (ဟောပါတယ် ဘုရား) ပုညာဘိသင်္ခါရ၊ ပပုညာဘိသင်္ခါရ၊ အာနေဉ္ဇာဘိသင်္ခါရလို့ မဟောဘူးလား။ (ဟောပါတယ်ဘုရား) အဲဒီ သင်္ခါရကြောင့် ကံဖြစ်တာဗျား။ အဲဒီကံကြောင့်ဖြစ်တာ။ဒါတော့ လက်စကြည့်တော့ ပြောတော့။ အဝိဇ္ဇာအစ ဇရာမရဏ အဆုံး။ အို နာ သေ။ အဝိဇ္ဇာကစလို့ အိုနာသေမှာဆုံးတယ်။ ဒါ အဝိဇ္ဇာချုပ်ဖို့ မလိုဘူးလား။ (လိုပါတယ်ဘုရား) အဝိဇ္ဇာချုပ်ဖို့ လိုတယ်နော်။ အဝိဇ္ဇာဆိုတာ ခန္ဓာငါးပါးမှာ လူလို့ နှလုံးသွင်းမမှားလား။ (မှားပါတယ်ဘုရား) နတ်လို့မမှားလား။ (မှားပါတယ်ဘုရား) ဗြဟ္မာလို့မမှားလား။ (မှားပါတယ်ဘုရား)

စဉ်းစား နော်။ ကဲ တကယ်လေ့လာကြည့်ဖို့မကောင်းလား။ (ကောင်းပါတယ်ဘုရား) ကဲ တကယ်တွေ့နေတဲ့တရားက လူလား။ ခန္ဓာငါးပါးလား။ (ခန္ဓာငါးပါးပါဘုရား) နတ်လား။ ခန္ဓာငါးပါး။ (ခန္ဓာငါးပါးပါဘုရား) ဗြဟ္မာလား။ ခန္ဓာငါး ပါး။ (ခန္ဓာငါးပါးပါဘုရား) ဟော ခန္ဓာငါးပါးဆို နှလုံးသွင်းမမှန်ဘူးလား။ (မှန်ပါတယ်ဘုရား) ဒါ ဝိဇ္ဇာပေါ့။ ကဲ လူလို့၊ နတ်လို့၊ ဗြဟ္မာလို့မှားတာ အဝိဇ္ဇာပေါ့။ ကဲ တွေ့ပြီ။ မှန်သွားပြီနော်။ ခန္ဓာငါးပါးဆို နှလုံးသွင်းမမှန် ဘူးလား။ (မှန်ပါတယ် ဘုရား) ကဲ ခန္ဓာကိုပြန်ပြီးတော့ ဆန်းစစ်ဖို့မကောင်းလား။ (ကောင်းပါတယ်ဘုရား) ရူပက္ခန္ဓာကြီးက ဖောက်ပြန် ပြီးတော့မပျက်လား။ (ပျက်ပါတယ်ဘုရား) ဝေဒနာ ခံစားပြီးတော့မပျက်လား။ (ပျက်ပါတယ်ဘုရား) သညာ မှတ်ပြီးမပျက်လား။ (ပျက်ပါတယ်ဘုရား) စေတနာ စေ့ဆော်ပြီးတော့ မပျက်လား။ (ပျက်ပါတယ်ဘုရား) ဝိညာဏက္ခန္ဓာ သိပြီးတော့မပျက်လား။ (ပျက်ပါတယ်ဘုရား) ခန္ဓာငါးပါး ဖြစ်ပျက်လို့မဟောဘူးလား။ (ဟောပါ တယ်ဘုရား) ဘာသစ္စာလဲ။ ကဲ ချမ်းသာတဲ့တရားလား။ ဆင်းရဲတဲ့တရား။ (ဆင်းရဲတဲ့တရားပါဘုရား) ကဲ ဒုက္ခသစ္စာလို့ အမှန်သိပြီနော်။ အမှန်သိရင် သိပယ်လို့ မဟောဘူးလား။ (ဟောပါတယ်ဘုရား) အမှန်သိတာ သမ္မာဒိဋ္ဌိပေါ့။

လူချမ်းသာ၊နတ်ချမ်းသာ၊ဗြဟ္မာချမ်းသာ နှလုံးသွင်းမှားတာ က မိစ္ဆာဒိဋ္ဌိပေါ့။ အမှန်သိတော့ အမှားမပျောက်လား။ (ပျောက်ပါတယ်ဘုရား) ကဲ အဝိဇ္ဇာမချုပ်ဘူးလား။ (ချုပ်ပါတယ်ဘုရား) တဏှာလာ သေးရဲ့လား။ (မလာပါဘူးဘုရား) ဥပါဒါန်လာသေးရဲ့လား။ (မလာပါဘူးဘုရား) ကံလာသေးရဲ့လား။ (မလာပါဘူးဘုရား) ပဋိစ္စသမုပ္ပါဒ်သုံးမျိုးမပျက်လား။ (ပျက်ပါတယ်ဘုရား) နောက်ခန္ဓာ ဇာတ်မသိမ်းလား။ (သိမ်းပါတယ်ဘု ရား) နိရောဓသစ္စာဗျား။ အဲဒီလို ပဋိစ္စသမုပ္ပါဒ်ကို နားလည်ဖို့လိုတယ်။ ကဲ နိရောဓသစ္စာဆိုတဲ့အခါ ကိလေသာမချုပ်ဘူးလား။ (ချုပ်ပါတယ်ဘုရား) ခန္ဓာမချုပ်ဘူးလား။ (ချုပ်ပါတယ် ဘုရား) ဤနှစ်ခုချုပ်တာ နိဗ္ဗာန်ဗျား။ ဤနေရာ ရောက်အောင် ကြိုးစားအားထုတ်ကြ။ အဲဒါလိုရင်းအချက်တွေ နော်။ စာကိုလည်း ကြည့်ကြ။ ခန္ဓာဖွဲ့တတ်ဖို့။ သစ္စာဖွဲ့တတ်ဖို့ လိုတယ်။ စက်ဝိုင်းကိုလည်း ထောက်တဲ့အခါမှာ ဒီကနေပြီးတော့ မေးခွန်းထုတ်တဲ့အခါမှာ အဖြေဟာ သံပြိုင်ကျအောင် လိုတယ်။ အခုက မိမိက အာစေးထည့်ထားသလို မိမိက ဖြစ်နေပြီကွဲ့။ အသံက မပေါ်ဘူး။ စားပြီး တရားစာအုပ်ကြည့်။ ကြည့်ရင်၊ ကိုယ်က မရှင်းတာ ကိုယ်နဲ့သိတဲ့ ပုဂ္ဂိုလ် မေး။ အဲဒီစာကြည့်နေတဲ့အချိန်ကလေးဟာ အကုသိုလ်လား။ကုသိုလ်။ (ကုသိုလ်ပါတယ်ဘုရား)

အဲဒီအခါ ဥဒ္ဓစ္စ တောင်တွေမြောက်တွေကို ပျံ့သေးရဲ့လား။သည်မှာနေတာကွဲ့။ အဲဒါကုသိုလ်။ သာမန်ကုသိုလ်ပေါ့။ ကိလေသာချုပ်တာတော့ မဟုတ်ဘူးနော်။ သာမန်။ အဲဒီကုသိုလ်ကြောင့် ခန္ဓာတို့၊အာယတနတို့၊ဓာတ်တို့၊သစ္စာတို့သိသွားမယ်ဆို လူစွဲဒိဋ္ဌိ၊နတ်စွဲဒိဋ္ဌိ၊ဗြဟ္မာစွဲဒိဋ္ဌိ မပြုတ်ဘူးလား။ (ပြုတ်ပါ တယ်ဘုရား) ဒိဋ္ဌိပြုတ်တော့ ခန္ဓာကို ပြန်ဆန်းစစ်ဖို့မကောင်းလား။ (ကောင်းပါတယ်ဘုရား) စဉ်းစား။ ငါးပါးစလုံး။ ခန္ဓာငါးပါးစလုံး နိစ္စလား၊ အနိစ္စ။ (အနိစ္စပါဘုရား) အနိစ္စ မမြဲခြင်းတရားသည် ချမ်းသာတဲ့တရားလား။ ဆင်းရဲတဲ့ တရား။ (ဆင်းရဲတဲ့တရားပါဘုရား) ဆင်းရဲတဲ့တရား သုခလို့ ခေါ်မလား။ ဒုက္ခ။ (ဒုက္ခ ခေါ်ပါတယ်ဘုရား) ဟော ဒုက္ခဘဲတွေ့တယ်နော်။ ကဲ ဆင်းရဲတာသာ တွေ့တယ်။ ဆင်းရဲတာကလွဲလို့ တွေ့သေးသလား။ (မတွေ့ပါဘူး ဘုရား) တွေ့တာ လူချမ်းသာ လား။ ဒုက္ခသစ္စာ။ (ဒုက္ခသစ္စာပါဘုရား) နတ်ချမ်းသာလား။ဒုက္ခသစ္စာ။ (ဒုက္ခသစ္စာ ပါဘုရား) ဗြဟ္မာချမ်းသာလား။ ဒုက္ခသစ္စာလား။ (ဒုက္ခသစ္စာပါဘုရား) ဆင်းရဲတယ်လို့သိတော့ နောင်တဖန် ဒီခန္ဓာမျိုး ရချင်သေးရဲ့လား။ (မရချင်ပါဘူးဘုရား) လက်ရှိခန္ဓာမတွယ်တာဘူးနော်။ နောင်ခန္ဓာတောင့် တဦးမလား။ (မတောင့်တပါဘူးဘုရား) အဲဒီနေရာရောက်အောင်ကြိုးစားအားထုတ်။
ကဲ ကြားဆဲခန္ဓာ ဖြစ်ပျက်ကဘာသစ္စာလဲ။

 (ဒုက္ခသစ္စာပါဘုရား) သိတာက။
(မဂ္ဂသစ္စာပါဘုရား) သေတာက ။ (သမုဒယသစ္စာပါဘုရား) နောက်ခန္ဓာမလာတာက။ (နိရောဓသစ္စာပါဘုရား) ပဋိစ္စသမုပ္ပါဒ် အကွက်ဘယ်နှစ်ကွက်ရှိ ။ (လေးကွက်ရှိပါတယ်ဘုရား) တကွက်လျှင် ဘယ်နှစ်ပါး။ (ငါးပါးပါဘုရား) ငါးလေးလီ။ (နှစ်ဆယ်) ဤရှစ်သွယ်ကို။ (အလွယ်ကျက်မှတ် သိစေအပ်သည် သံသရာမှ လွတ်ကြောင်းတည်း။)
(သာဓု။ သာဓု။ သာဓု။)